စာကြည့်တိုက်နှင့် အလှမ်းကွာသည့် ဌာနဆိုင်ရာများအတွက် မိုဘိုင်းစာကြည်တိုက်ဖြင့် ကွင်းဆင်းငှားရမ်းပေး

ရမည်းသင်း ၈  ဇွန်
 

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခရိုင်ဦးစီး အရာရှိ ဒေါ်သိမ့်သိမ့်မျိုးနှင့် ဝန်ထမ်းများသည် ရမည်းသင်းခရိုင် ပြည်သူ့ စာကြည့်တိုက်နှင့် အလှမ်းကွာဝေးသည့်  ဌာနဆိုင်ရာများအား မိုဘိုင်းစာကြည့်တိုက် ကွင်းဆင်းငှားရမ်းခြင်းကို ဇွန် ၈ ရက်  နံနက် ၉ နာရီခွဲက ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

 

အဆိုပါစာအုပ်များ ငှားရမ်းခြင်းကို ခရိုင်ကျေးလက် ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ရမည်းသင်း အကျဉ်းဦးစီး ဌာနများရှိ ဝန်ထမ်းများ အားလပ်ချိန်များတွင် စာပေဗဟုသုတကို ဖတ်ရှုနိုင်ခြင်း၊ ရမည်းသင်းမြို့ (၂၅)ခုတင်ဆံ့ တိုင်းရင်းဆေးရုံအား စာအုပ်များ ငှားရမ်းရာ တိုင်းရင်းဆေးကုလျက်ရှိသော လူနာစောင့်များ စာပေမှ ရရှိသည့် အသိပညာများ တိုးပွားပြီး အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် မိုဘိုင်းစာကြည့်တိုက် ကွင်းဆင်းငှားရမ်းခြင်းကို ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများမှ လစဉ် စာအုပ်အသစ်များ လဲလှယ် ငှားရမ်းပေးခဲ့ခြင်း ဖြစ်သည်။
 

ဇော်ဝင်းအောင်(ခရိုင် ပြန်/ဆက်)