စာဆိုတော်နေ့ အထိမ်းအမှတ် စာပေဟောပြောပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် လွိုင်ကော်မြို့၌ ဆက်လက်ကျင်းပ

ကယားပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့က ကြီးမှူးကျင်းပသည့်  ၁၃၈၀ ခု၊ စာဆိုတော်နေ့ အထိမ်းအမှတ် စာပေဟောပြောပွဲများနှင့် စာအုပ်ဈေးရောင်းပွဲတော်ကို လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ဒီဇင်ဘာ ၁၅ ရက်က ဆက်ကျင်းပခဲ့သည်။

 

စာပေအနုပညာပွဲတော်ကို နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ အခြေခံကျောင်းသား၊ ကျောင်းသူများ၏ စကားရည်လုပြိုင်ပွဲများနှင့် စာအုပ်ဈေးရောင်းပွဲများကို ကျင်းပခဲ့ပြီး ည ၇ နာရီတွင် စာရေးဆရာကြီးများ ဖြစ်ကြသည့် ကဗျာဆရာကြီး ထွဏ်းသွေးအိမ်က “စိတ်ကောင်းလေးတစ်ခုထားပါ ”ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာရေးဆရာ ညီမင်းညိုက “မိုးခြိမ်းသံများနှင့် နှစ်ထောင့်ဆယ့်ငါးကစားစရာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာကြီး ဦးဘုန်း(ဓာတု)က “စာများများဖတ်လေလေ များများဦးဆောင်နိုင်လေလေ” ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးဟောပြောပေးခဲ့ကြသည်။

 

အဆိုပါ စာပေဟောပြောပွဲသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဧည့်သည်တော်များ၊ ကျောင်းသား/ကျောင်းသူများ၊ စာပေချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

 

ထွန်းလေး