ဗန်းမော်၌ မြစ်ကမ်းပါးပေါ်မှ ဂျမ်းတုံးပြုတ်ကာ ကျလာသည့်မော်တော်ယာဉ်နှင့် မြစ်အတွင်းရပ်တန့်ထားသည့် သင်္ဘော တိုက်မိ

ဗန်းမော် ၂၄ ဇွန် 

 

ကချင်ပြည်နယ် ဗန်းမော်မြို့၌ ဇွန် ၂၃ ရက် ညနေပိုင်းက မြစ်ကမ်းပါးမှလိမ့်ဆင်းလာသည့် မော်တော်ယာဉ်နှင့် မြစ်အတွင်းရပ်တန့်ထားသည့်သင်္ဘော တိုက်မိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဇွန် ၂၃ ရက် ညနေ ၆ နာရီက ဗန်းမော်မြို့၊ အလယ်ရပ်ကွက်ရှိ ရွှေဗန်းမော် ဧရာဝတီမြစ်ဆိပ်တွင် ယာဉ်မောင်း ထွန်းထွန်းလင်း(၄၆ နှစ်) မောင်းနှင်သည့် (၁၂)ဘီး မော်တော်ယာဉ်ပေါ်သည် ပြောင်းဆန်အိတ်များ သင်္ဘောပေါ်သို့တင်ဆောင်နေစဉ် ယာဉ်တွင်ခုထားသည့် ဂျမ်းတုံးမှာပြုတ်ကျပြီး နောက်သို့လိမ့်ဆင်းကာ ရပ်တန့်ထားသည့် “ပြဒါးပျံ” ကုန်တင်သင်္ဘော၏ မော်တော်ယာဉ်နောက်ပိုင်းဖြင့် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ ထိခိုက်ဒဏ်ရာရရှိမှုမရှိသော်လည်း တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဝင်းနိုင်(ကချင်မြေ)