ဗန်းမော်မြို့နယ်တွင် တာပိန်မြစ်ရေမြင့်တက်မှုကြောင့် တံတား ၂ စင်းပျက်စီး

နေပြည်တော်  ၂၅   ဇွန် 

 

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် ဇွန်လ ၂၄ ရက် ညနေ ၄ နာရီခွဲက တာပိန်မြစ်ရေ မြင့်တက်မှုကြောင့် မန်နောင်ကျေးရွာနှင့် စီကော်ကျေးရွာတို့အား ဆက်သွယ်ထားသည့် ၁ ကန့်လျှင် ပေ  ၂၀ ပတ်လည်ခန့်ရှိ အရှည်ပေ ၄၀၀ ခန့် သစ်သားတံတား၏ အကန့်အမှတ် (၁၄) သည်လည်းကောင်း၊ ခုံဆင့်ကျေးရွာနှင့် စီကော်ကျေးရွာတို့အား ဆက်သွယ်ထားသည့် ၁ ကန့်လျှင် ပေ ၂၀ ပတ်လည်ခန့်ရှိ အရှည်ပေ ၄၀၀ ခန့် သစ်သားတံတား၏ အကန့် အမှတ်(၈)သည်လည်းကောင်း အသီးသီးပြိုကျ ပျက်စီးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
MDN