ဗန်းမော်မြို့နယ်၌ စက်လှေဖြင့် တရားမဝင် သယ်ဆောင်လာသည့် နွားထီး ၁၄ ကောင် ဖမ်းဆီးရမိ

ဗန်းမော် ၂၃ မေ 

 


ကချင်ပြည်နယ် ဗန်းမော်မြို့နယ်၌ မေ၂၂ ရက်က ဧရာဝတီမြစ်အတွင်း စက်လှေဖြင့် တရားမဝင် သယ်ဆောင်လာသည့် နွားထီး ၁၄ ကောင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 


ဖြစ်စဉ်မှာ မေ ၂၂ ရက် နံနက် ၆ နာရီခွဲက ဗန်းမော်မြို့မရဲစခန်းမှ ရဲအုပ်စိုးဦး ဦးစီးတပ်ဖွဲ့ဝင်များသည် သက်သေ များနှင့်အတူ သတင်းအရ ဗန်းမော်မြို့နယ်၊ မံမလင်းကျေးရွာအနီးရှိ ဧရာဝတီဆိပ်ကမ်းတွင် စောင့်ဆိုင်းနေစဉ် သိုက်စိုး(ခ)ကျော်စိုး(၃၂ နှစ်)၊ ကောင်းထက်(၂၆ နှစ်)၊ ဖြိုးသော်တာ(ခ)သားသားလေး(၁၉ နှစ်)၊ ချစ်ငြိမ်းစိုး(၁၉ နှစ်)၊ သိန်းထက်ကျော်(၂၁ နှစ်)နှင့် ယဉ်မင်းကို(၂၄ နှစ်)တို့ လိုက်ပါမောင်းနှင်လာသည့် စက်လှေအားစစ်ဆေးရှာဖွေရာ တရားမဝင် အထောက်အထားမဲ့ တင်ဆောင်လာသည့် နွားထီး(၁၄)ကောင်အား စစ်ဆေးတွေ့ရှိသဖြင့် စစ်ဆေးမေးမြန်းရာ နွားများမှာ ဗန်းမော်မြို့နယ်၊ ခူးလီကျေးရွာနေ မာဂွန်း(၄၀ နှစ်)မှ သယ်ဆောင်ခိုင်းသည့် နွားများဖြစ်ကြောင်းစစ်ဆေး ပေါ်ပေါက်ခဲ့သည်။

 


ဖြစ်စဉ်နှင့်ပတ်သက်၍ တရားမဝင် အထောက်အထားမဲ့ နွားများသယ်ဆောင်သူနှင့် သယ်ဆောင်ခိုင်းသူတို့အား ဗန်းမော်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

 

ဝင်းနိုင်(ကချင်မြေ)