ဗန်းမောက်မြို့တွင် ကွန်ကရစ်လမ်းခင်းရန် အလှူငွေများ လှူဒါန်း

ဗန်းမောက်၊ ၂၀ ဇန်နဝါရီ   

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့၊ မြို့မရပ်ကွက်၊ လမ်းသွယ်(၇) ကွန်ကရစ် လမ်းခင်းရန် Wuntho Resource ကြေးနီနှင့် ဆက်စပ်ဓာတ်သတ္တု စမ်းသပ်တိုင်းတာ ရှာဖွေရေးကုမ္ပဏီမှ ဗန်းမောက်မြို့ စည်ပင်သာယာရေးကော်မတီသို့ အလှူငွေကျပ် ၁၀၀၀၀၀၀ အား  ဇန်နဝါရီ ၁၉ ရက်က  ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ ကွန်ကရစ်လမ်းခင်းရန် လှူဒါန်းငွေအား Wuntho Resource ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးဝေလင်းထွဋ်က ဗန်းမောက်မြို့ စည်ပင်သာယာရေးကော်မတီသို့ ပေးအပ်လှူဒါန်းရာ ဦးစီးအရာရှိ ဦးနေလင်းသိန်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ 

လှိုင်ဘွား(ဗန်းမောက်)