ဗန်းမောက်မြို့နယ်အတွင်းမှ ရွှေသတ္တုတူးဖော်နေသူများ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းမိ

ဗန်းမောက်  ၂၉  ဖေဖော်ဝါရီ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် ကျွဲကောကြီးကျေးရွာအနီးရှိ ချောင်းအတွင်းမှ ရွှေသတ္တုတူးဖော်နေသူများ ဖမ်းမိခဲ့ကြောင်း သိရသည်။

 

‌ေ

 

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၈ ရက်နေ့ ညနေ ၅ နာရီခွဲခန့်တွင် ဗန်းမောက်မြို့မရဲစခန်းမှ နယ်ထိန်းဒုရဲအုပ် စိုးဝင်းအောင် ဦးစီးသောအဖွဲ့သည် သက်သေများနှင့်အတူ ဗန်းမောက်မြို့နယ်၊ ကျွဲကောကြီးကျေးရွာအနီး ချောင်းအတွင်း၌ တရားမဝင် ရွှေသတ္တုတူးဖော်နေကြာင်း သတင်းအရ သွားရောက်ရှာဖွေဖမ်းဆီးရာ ဗန်းမောက်မြို့၊ မြို့မရပ်ကွက်နေ အောင်ဗလ၊ အင်းတော်မြို့နယ်၊ မင်းကုန်းကျေးရွာနေ သန်းဝင်း၊ ဗန်းမောက်မြို့နယ်၊ နောင်မဲလုံကျေးရွာနေ မိုးဟိန်းနှင့် ဗန်းမောက်မြို့နယ်၊ ပန်းတောကျေးရွာနေ လင်းစိန် ဆိုသူတို့ ၄ ဦးသည် အလျား ပေ ၆၀၊ အနံ ပေ ၅၀ ကျင်းအတွင်း ဆက်စပ်ပစ္စည်းများနှင့် အတူတရားမဝင် ရွှေမျောလုပ်ကိုင်နေသည်ကို တွေ့ရှိရသဖြင့် ၎င်းတို့ ၄ ဦးအား ဗန်းမောက်မြို့ရဲစခန်းမှ ရွှေသတ္တုဥပဒေအရ ဖမ်းဆီးအရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

လူအောင်(ကသာ)