ဗန်းမောက်မြို့နယ် မံစီကြီးကျေးရွာအုပ်စုတွင် အခွန်လွတ်ဈေးဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်

ဗန်းမောက်၊ ၈ ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် မံစီကြီးကျေးရွာအုပ်စုတွင် အခွန်လွတ်ဈေး ရောင်းချ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို မံစီကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်း၏ နေအိမ်၌ ဒီဇင်ဘာ ၇ ရက် ညနေ ၃ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

mdn

 

အဆိုပါ ညှိနိုင်းဆွေးနွေးပွဲတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိ ဦးနေလင်းသိန်းနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးခင်အောင်တို့က ဆွေးနွေး ပြောကြားရာတွင် ကျေးရွာ အခွန်လွတ်ဈေး ဖွင့်လှစ်ရောင်းချရာတွင် ဈေးအင်္ဂါရပ်များနှင့်အညီ ဆောင်ရွက် ထားရှိရမည့် စည်းကမ်းချက်များ၊ ကျေးရွာအုပ်စုအတွင်းရှိ ဈေးသည်များနှင့် ရွှေမှော်အတွင်းရှိ ဈေးသည်များအား စုစည်းရောင်းချနိုင်ရေး၊ အသား၊ ငါးတန်းများ၊ စားသောက်ကုန်တန်းများ သီးသန့်ခွဲခြားကာ ရောင်းချနိုင်ရေး အစရှိသည်များကို ဆွေးနွေးပြောကြားပြီး ကျေးရွာအခွန်လွတ်ဈေး တည်ဆောက်ထားသည့် ဈေးဆိုင်းခန်းများအား ကြည့်ရှုစစ်ဆေးသည်။

 

ဗန်းမောက်မြို့နယ်၊ မံစီကြီးကျေးရွာအုပ်စုတွင် အခွန်လွတ်ဈေးဆိုင်ခန်းများတည်ဆောက်ရာတွင် ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်းများနှင့် ဓာတ်သတ္တုတူးဖော်ရေး ကုမ္ပဏီများက မတည် ဆောင်ရွက်ခဲ့ရာ ကျေးရွာအုပ်စု အတွင်းရှိ ဒေသခံပြည်သူများက လုပ်အားဒါန ပါဝင်ကူညီ ဆောင်ရွက်ခဲ့ကြောင်းနှင့် အခွန်လွတ်ဈေးဆိုင်ခန်းပေါင်း ၄၄ ခန်းရှိကြောင်း မံစီကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်း၏ ပြောပြချက်အရ သိရသည်။

 

ကျော်စွာ(ဗန်းမောက်)