ဗန်းမောက်မြို့ မိုဘိုင်းဖုန်းဆိုင် ဖောက်ထွင်းခိုးယူသူ ဖမ်းမိ

ဗန်းမောက်  ၁၆  သြဂုတ်


စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့မြို့မ ရပ်ကွက်ရှိ မိုဘိုင်းဖုန်းဆိုင်အား ဖောက်ထွင်းပြီးဖုန်း များခိုးယူသွားသူကို ဖမ်းမိခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ သြဂုတ် ၇  ရက်နေ့ ညအချိန်တွင် ဗန်းမောက်မြို့ မြို့မရပ်ကွက်ရှိ "သင်္ဂီဝင်း"ဖုန်းဆိုင်အား ဖောက်ထွင်း၍ မိုဘိုင်းဖုန်း(၁၀)လုံး၊ ကာလတန်ဖိုး(၂၁၅၄၀ဝ၀)ကျပ်ဖိုးအား ခိုးယူခံရသဖြင့် ဗန်းမောက်မြို့၊ မြို့မရပ်နေ ဆိုင်ပိုင်ရှင် ဒေါ်မြနှင်းခိုင်မှ ဗန်းမောက်မြို့ရဲစခန်းသို့ သွားရောက်တိုင်ကြားခဲ့သည်။


ယင်းအမှုမှ ဖုန်းခိုးယူသူ အမြန်ဖမ်းမိရေးအတွက် သြဂုတ် ၁၅ ရက်နေ့က စခန်းမှူး ဒုရဲမှူးလေးမြင့် ဦးဆောင်သော အဖွဲ့မှမြို့မရပ်ကွက်တွင် အသေးစား ခိုးယူမှုဖြင့် နာမည်ကြီးနေသော ဗန်းမောက်မြို့၊မြို့မရပ်နေ ကျော်ဇင်ဦး(ခ)မိုးချင်းဆိုသူအား ခေါ်ယူစစ်ဆေးခဲ့ရာ အမှုပေါ်ပေါက်ခဲ့သဖြင့် ယင်းကို ဗန်းမောက်မြို့မရဲစခန်းမှ ဥပဒေအရ ဖမ်းဆီးအရေးယူဆောင်ရွက်ထားကြောင်း သိရသည်။


လူအောင်(ကသာ)