Blade Runner ဇာတ်ကားမှ သရုပ်ဆောင် ရက်ဂါ ဟောင်းဟား ကွယ်လွန် 

၂၅ ဇူလိုင်

၁၉၈၂ ခုနှစ်ပိုင်းက ပြသခဲ့တဲ့ သိပ္ပံခေတ်လွန် ဇာတ်ကား Blade Runner မှ သရုပ်ဆောင် ရက်ဂါ ဟောင်းဟား (အသက် ၇၅ နှစ်)  ကွယ်လွန်ကြောင်း သိရပါတယ်။ 

ဟောင်းဟားရဲ့ HIV/AIDS ပရဟိတ အဖွဲ့ ဝက်ဆိုက်မှာ ဟောင်းဟားဟာ ဖျားနာပြီး၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၉ ရက် သောကြာနေ့မှာ ကွယ်လွန်သွားကြောင်း၊ ကွယ်လွန်ချိန်မှာ သူ့မိသားစုရှိရာ နယ်သာလန်နိုင်ငံက နေအိမ်မှာ အေးအေးချမ်းချမ်းနဲ့ ဇီဝိန်ချုပ်သွားကြောင်း ရေးသားထားပါတယ်။ 

 

mdn

 

ဟောင်းဟားကို ၁၉၄၄ ခုနှစ် ဇန်နဝါရီ ၂၃ ရက်နေ့မှာ နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့မှာ ဒတ်ချ်မိဘနှစ်ပါးကနေ မွေးဖွားခဲ့ပါတယ်။ မိဘများကလည်း သရုပ်ဆောင်များဖြစ်ပြီး သရုပ်ဆောင်ကျောင်းဖွင့်ခဲ့သူများ ဖြစ်ပါတယ်။ ဟောင်းဟားဟာ အသက် ၁၅ နှစ်အရွယ်မှာ အိမ်က ထွက်ပြေးပြီး ဒတ်ချ်ရေတပ်ပေါ်လိုက်သွားပြီး ကမ္ဘာပတ်ခဲ့သူဖြစ်ပါတယ်။ အဲဒီသင်္ဘောပေါ်မှာ အင်္ဂလိပ်၊ ဂျာမန်၊ ပြင်သစ် နဲ့ အီတလီဘာသာစကားတွေကို လေ့လာခဲ့သူဖြစ်ပါတယ်။ 

နယ်သာလန်ကို ပြန်ရောက်ပြီးနောက်မှာ သရုပ်ဆောင်ပိုင်းကို သေသေချာချာလုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ ၁၉၆၉ ခုနှစ်မှာ ဒတ်ချ်ရုပ်မြင်သံကြားဇာတ်လမ်းတွဲ Floris မှာ ခေါင်းဆောင်သရုပ်ဆောင်တစ်ဦးဖြစ်လာပါတယ်။ ၁၉၇၃ ခုနှစ်မှာ Turkish Delight ရုပ်ရှင်ဇာတ်ကားမှာ အဓိက သရုပ်ဆောင်အဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။ သရုပ်ဆောင် အဖြစ် လုပ်ကိုင်ခဲ့တဲ့ အနှစ် ၅၀ အတွင်းမှာ ဟောင်းဟား ဟာ ရုပ်ရှင်ဇာတ်ကား ၁၀ဝ ကျော်မှာ ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။ 

 

mdn

 

ဟောင်းဟားဟာ သရုပ်ဆောင်အပြင် HIV/AIDS သုတေသနအတွက် စည်းရုံးလှုံ့ဆော်သူအဖြစ် လုပ်ဆောင်ခဲ့ပြီး ၂၀ဝ၀ ခုနှစ်မှာတော့ သူကိုယ်တိုင်ဦးစီးပြီး HIV/AIDS ပရဟိတ အဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။  အခုနောက်ပိုင်းမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမှာလည်း လုပ်ဆောင်နေသူဖြစ်ပါတယ်။

MDN
ကိုးကား - AFP