ဗိုင်းရပ်စ်ပိုးထိန်းချုပ်ရန် အတင်းကျပ်ဆုံး တားမြစ်တွေ ဟောင်ကောင်မှာ ပြဋ္ဌာန်း

၂၉ ဇူလိုင်

 

ဟောင်ကောင်မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး တတိယအကြိမ် ပျံ့ပွားမှုကို ထိန်းချုပ်ရန် တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေရေးစည်းမျဉ်းဟာ အတင်းကျပ်ဆုံးဖြစ်တာကို တွေ့ရပါတယ်။

 

လူဦးရေ ၇.၅ သန်း နေထိုင်တဲ့ ဟောင်ကောင်မှာ အိမ်အပြင်ထွက်တာနဲ့ မျက်နှာဖုံးဝတ်ဆင်ရန် မဝတ်ဆင်ပါက ဒဏ်ငွေ ဟောင်ကောင်ဒေါ်လာ ၅,ဝ၀ဝ (အမေရိကန်ဒေါ်လာ ၆၂၅) ပေးဆောင်ရမှာဖြစ်ပါတယ်။ စားသောက်ဆိုင်တွေမှာ ထိုင်စားခွင့်မရှိတော့သလို လူနှစ်ဦးထပ်ပိုပြီး စုဝေးခွင့်ပါ မရှိကြောင်း တင်းကျပ်တဲ့ စည်းမျဉ်တွေဟာ ဇူလိုင် ၂၉ ရက်နေ့ကစပြီး အကြုံးဝင်ကြောင်း သိရပါတယ်။

 

ဇူလိုင်လဆန်းပိုင်းကစပြီး ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၁,ဝ၀ဝ ကျော်ရှိကြောင်းနဲ့ ပြီးခဲ့တဲ့ ၆ ရက်မှာ နေ့စဉ် ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၁၀ဝ ကျော်ရှိကြောင်း သိရပါတယ်။

 

ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းက ဗိုင်းရပ်စ်ပိုးကူးစက်နှုန်းဟာ များလွန်းကြောင်း၊ အဲဒီအတွက် ဟောင်ကောင်ရဲ့ ဆေးရုံစနစ်ပျက်သွားနိုင်ကြောင်း၊ အထူးသဖြင့် သက်ကြီးရွယ်အိုတွေ အပါအဝင် လူတွေရဲ့ အသက်တွေပေးရနိုင်ကြောင်း ပြောလိုက်ပါတယ်။ စည်းကမ်းတွေ လိုက်နာတဲ့အနေနဲ့ တတ်နိုင်သမျှအိမ်မှာနေပါ။ ချမှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာပါလို့ အုပ်ချုပ်ရေးမှူးက ပြောကြားပါတယ်။

 

MDN

ကိုးကား- AFP

 

mdn