ဗိုင်းရပ်စ်ကာကွယ်ဆေးမရှိမခြင်း ကျောင်းတွေ ပြန်မဖွင့်ဘူးလို့ သမ္မတဒူတာတေးပြော

၂၆ မေ

ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး မရှိမခြင်း ကျောင်းသူ၊ ကျောင်းသားတွေကို ကျောင်းပြန်မတက်စေဘူးလို့ ပြောလိုက်ပါတယ်။

 

ဖိလစ်ပိုင်နိုင်ငံက ကျောင်းတွေဟာ ဩဂုတ်လကုန်ပိုင်းမှာ ပြန်ဖွင့်ဖို့ ပြင်ဆင်ထားခဲ့ပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် မူလတန်းနဲ့ အထက်တန်းကျောင်းတွေ အကုန် မတ်လကစပြီး ပိတ်ခဲ့ပါတယ်။ ၂၅ သန်းကျော်သော ကျောင်းသူ ကျောင်းသား ဦးရေအတွက် အန္တရာယ်က သိပ်ကြီးမားတဲ့အတွက် သူတို့ရဲ့ လုံခြုံရေးဟာ ပထမဦးစားပေးဖြစ်တယ်။ ကာကွယ်ဆေးက အရေးကြီးတယ်။ ကာကွယ်ဆေးရှိပြီဆိုရင် အားလုံး အဆင်ပြေပြီလို့  မိန့်ခွန်းမှာ ထည့်သွင်းပြောကြား သွားပါတယ်။

 

ဖိလစ်ပိုင်နိုင်ငံမှာ ပုံမှန်ဆိုရင် ကျောင်းစာသင်နှစ်ဟာ  ဇွန်လကနေ ဧပြီလ အထိ ဖြစ်ပါတယ်။ ကျောင်းစာသင်ခန်းတွေမှာ လူစုပြုံမနေရအောင် ပညာရေးဝန်ကြီးက အွန်လိုင်းသင်ကြားခြင်း လာမယ့် စာသင်နှစ်အတွက် အသုံးပြုသွားမယ်လို့ ဆိုပါတယ်။ ဖိလစ်ပိုင်နိုင်ငံက သန်းချီသော လူတွေဟာ ဆင်းရဲကြတဲ့အတွက် အွန်လိုင်း သင်ခန်းစာမှာ အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ ကွန်ပျူတာဟာ အိမ်တိုင်းမှာ မရှိဘူးလို့ ဆိုပါတယ်။

 

ကပ်ရောဂါကြောင့် ကလေးငယ်တွေဟာ အိမ်မှာပဲ ရှိနေကြရပြီး တောင်ကိုရီးယားနဲ့ ပြင်သစ်နိုင်ငံတွေ မှာတော့ ကျောင်းတွေ ပြန်လည်ဖွင့်လှစ်နေပြီလို့ သိရပါတယ်။

 

ဖိလစ်ပိုင်နိုင်ငံမှာ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေ့ရှိသူဦးရေ ၃၅၀နဲ့ သေဆုံးသူ ၁၃ ဦးရှိရာ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၁၄,၆၆၉  ဦးရှိပြီး သေဆုံးသူ ၈၈၆ ဦးရှိကြောင်း မေ ၂၆ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။

MDN

ကိုးကား- AFP