ဗိုင်းရပ်စ်ဆိုင်ရာ အရေးပေါ်အခြေအနေတွင် ပြည်သူများ ပူးပေါင်းကြရန် ဝန်ကြီးချုပ် ဆူဂါ တိုက်တွန်း

၈ ဇန်နဝါရီ

 

 

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် တိုကျိုမြို့နှင့်စီရင်စု သုံးခုကို အရေးပေါ် အခြေအနေ ကြေညာခဲ့ပြီးနောက် ပြည်သူများကို ပူးပေါင်းပါဝင်ကြရန် ဂျပန်ဝန်ကြီးချုပ် ဆူဂါက တိုက်တွန်းခဲ့သည်။

 

 

ကြာသပတေးနေ့အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုပေါင်း ၇၀၀၀ ကျော်ထိ ရောက်ရှိခဲ့ပြီး ကူးစက်မှု၏ တစ်ဝက်ခန့်သည် တိုကျိုမြို့မှ ဖြစ်သည်။

 

 

ည ၈ နာရီ နောက်ဆုံးထား၍ ဘားနှင့်စားသောက်ဆိုင်များ ပိတ်ထားရန် ဒေသန္တရ အုပ်ချုပ်ရေးမှူးများက တိုက်တွန်းခဲ့သည်။

 

 

အိုဆာကာ၊ ကျိုတိုမြို့တို့၏ အုပ်ချုပ်ရေးမှူးများက  အရေးပေါ် အခြေအနေတွင် အဆိုပါမြို့တော်များ ထည့်သွင်းပေးရေး ဗဟိုအစိုးရအား တောင်းဆိုရန် စဉ်းစားလျက်ရှိသည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်

a1