ဗိုလ်တထောင်မြို့နယ်တွင် ရထားနှင့်တိုက်မိ၍ မော်တော်ယာဉ် ၅ စီးပျက်စီး

နေပြည်တော် ၂၇ ဖေဖော်ဝါရီ

 

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်တထောင်ဘုရားရှေ့ မီးပွိုင့်တွင် ဖေဖော်ဝါရီ ၂၆ ရက် ညနေ ၆ နာရီ ၁၀ မိနစ်က ရထားနှင့် မော်တော်ယာဉ် ၅ စီး တိုက်မိမှုဖြစ်ပွားခဲ့ကြောင်း သတင်းအရ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

 

စစ်ဆေးချက်များရ ရှန်တိန် စက်ခေါင်း DF-2032 မှာ ကြားခံတွဲ ၂ တွဲအား ချိတ်ဆွဲလျက် ဗိုလ်တထောင် ကုန်ရုံအတွင်းမှ မလွှကုန်းတွဲစီယာဒ်ဝန်းသို့ ပြန်ရန်အတွက် ထွက်ခွာလာစဉ် အခင်းဖြစ်နေရာအရောက်တွင် မီးပွိုင့်နီနေ၍ ရထားသံလမ်းနှင့် ကပ်လျက်ရပ်ထားသော သာကေတမြို့နယ်၊ (၈)ရပ်ကွက်နေ မဇင်မာသန်း (၃၀)နှစ် မောင်းနှင်သည့် YGN 2R/xxxx  ဆူဇူကီးယာဉ်မှာ ရထားစက်ခေါင်းနှင့်ချိတ်မိပြီး အခြားရပ်ထားသော ယာဉ် ၄ စီးအား ဆက်လက်တွန်းတိုက်မိကာ  ယာဉ် ၅ စီး ပျက်စီးခဲ့သောကြောင့် ရထားသံလမ်းနှင့်ကပ်၍ ယာဉ်အား မဆင်မခြင်ရပ်နားခဲ့သူ မဇင်မာသန်းအား ဗိုလ်တထောင်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

 

MDN

Source: ရဲပြန်ကြား