ဗိုလ်ရုံကျေးရွာတွင် မီးလောင်မှုဖြစ်ပွားရာ လူနေအိမ်နှစ်လုံး ဆုံးရှုံး

ရေဦး ၁၂ ဇွန်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ အင်တောကျေးရွာအုပ်စု၊ ဗိုလ်ရုံ ကျေးရွာတွင် ဇွန် ၉ ရက် ည ၁ နာရီခန့်က နေအိမ်လူမရှိစဉ် မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး လူနေအိမ်နှစ်လုံး မီးလောင်ဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားကြောင်းသိရှိရ၍ ရေဦးမြို့နယ်မီးသတ်စခန်း ဒုဦးစီးမှုး ဦးအောင်ကိုနိုင်နှင့် သန္ဓေတပ်ဖွဲ့ဝင် ၁၂ ဦး၊ မီးငြိမ်းသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ်တစ်စီး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၃၀ ဦးနှင့် ကျေးရွာပြည်သူများ ပူးပေါင်းပါဝင်ပြီး  မီးငြိမ်းသတ်ခဲ့ရာ ည ၁ နာရီ ၂၀ တွင်မီးညွန့်ကျိုးခဲ့ပြီး ၁ နာ ၄၀ မိနစ်တွင် မီးကိုထိန်းနိုင်ခဲ့သည်။

 

mdn

 

မီးလောင်မှုဖြစ်ပွားရခြင်းမှာ  ဒေါ်ဌေးခိုင်သည် မီးဖို မီးကြွင်းမီးကျန်များအား ပေါ့ဆစွာ ထားရှိခဲ့ပြီး အခြားရွာသို့သွားနေစဉ် ၎င်းမီးကြွင်းမီးကျန်မှတစ်ဆင့် ထရံသို့ ကူးစက်လောင်ကျွမ်းခဲ့ကြောင်း၊ ၎င်းမှတစ်ဆင့် အခြားနေအိမ်သို့ ကူးစက်လောင်ကျွမ်းသွားခဲ့ကြောင်း စစ်ဆေးချက်အရသိခဲ့ရသည်။ 

မီးလောင်မှုကြောင့် လူနေအိမ်နှစ်လုံး  ဆုံးရှုံးပျက်စီးခဲ့ပြီး လူနှင့်တိရစ္ဆာန်များထိခိုက်မှု မရှိကြောင်းသိရသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍  ဒေါ်ဌေးခိုင်ကို မီးပေါ့ဆမှုဖြင့်  ရေဦးမြို့မရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

သန်းထိုက် (ရေဦး)