ဗြိတိန်ထီးနန်းကို ဆက်ခံနိုင်မယ့် သုံးယောက်မြောက် မင်းသားဂျော့ အသက် ၆ နှစ်ပြည့်ပြီ

၂၂ ဇူလိုင် 

 

ဗြိတိန်ဘုရင်းမကြီးရဲ့ မြစ်တော်၊ အဖိုးချားလ်စ် နဲ့ ဖခင်ဝီလီယံတို့ပြီးရင် ဗြိတိန်ထီးနန်းကို ဆက်ခံရမယ့် မင်းသားဂျော့ဟာ ဒီကနေ့အသက် ၆ နှစ်ပြည့်ပြီဖြစ်ပါတယ်။ အသက် ၆ နှစ်ပြည့်အဖြစ် မိခင်ဖြစ်သူ ကတ်သရင်း လတ်တလော ရိုက်ထားတဲ့ ဓါတ်ပုံသုံးပုံကို  ကင်စင်တန်နန်းတော်ကနေ မွေးနေ့အထိမ်းအမှတ်အဖြစ် ထုတ်ဝေလိုက်ပါတယ်။ 

 

1

 

အင်္ဂလန်ဘောလုံးအသင်းရဲ့ အိမ်ကွင်းအင်္ကျီကို ဝတ်ဆင်ထားတဲ့ ဓါတ်ပုံနှစ်ပုံဟာ ကင်စင်တန်နန်းတော်အတွင်းက ပန်းခြံမှာ ရိုက်ထားတဲ့ပုံဖြစ်ပြီး၊ တတိယပုံကတော့ မိသားစုအပျော်ခရီးထွက်စဉ်က  ပိုလိုရှပ်အင်္ကျီအစိမ်းရောင်ကို အဖြူနဲ့အပြာအစင်းပါ ဘောင်းဘီနဲ့ တွဲဖက်ဝတ်ဆင်ထားတဲ့ပုံတို့ဖြစ်ပါတယ်။

 

ဒီလအစောပိုင်းက ကမ္ဘာကျော်တင်းနစ်ကစားသမား ရော်ဂျာ ဖာဒါရား က မင်းသားဂျော့ကို တင်းနစ်ကစားနည်း သင်ပေးခဲ့ကြောင်း သိရပါတယ်။ 

 

ဂျော့ဟာ Year 1 ပြီးသွားပြီဖြစ်ပြီး လာမယ့် စက်တင်ဘာ ကျောင်းအဖွင့်မှာ Year 2 စတင်မှာဖြစ်ကြောင်း သိရပါတယ်။ 

 

MDN

 

2