ဗြိတိန်နှင့် အိုင်ယာလန်တို့က ယူရို ၂၀၂၈ ပြိုင်ပွဲကို အိမ်ရှင်အဖြစ်ကျင်းပခွင့်ရရှိရေး အဆိုပြုခဲ့

ဗြိတိန်နိုင်ငံနဲ့ အိုင်ယာလန်ဘောလုံးအဖွဲ့ချုပ်တွေဟာ ၂၀၂၈ ခုနှစ်မှာ ကျင်းပမယ့် ယူရိုပြိုင်ပွဲကို အိမ်ရှင် အဖြစ် လက်ခံကျင်းပခွင့်ရရှိရေးအတွက် အဆိုပြုခဲ့ကြတယ်လို့ သိရပါတယ်။

ယူရို ၂၀၂၈ ပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရရှိရေးအတွက် ရုရှားနိုင်ငံကလည်း အဆိုပြုခဲ့ တာဖြစ်ပြီး လက်ရှိအနေအထားအရ ရုရှားနိုင်ငံဟာ နိုင်ငံတကာဘောလုံးအဖွဲ့ချုပ်တွေရဲ့ ပြိုင်ပွဲ ယှဉ်ပြိုင်ကစားခွင့် ပိတ်ပင်ခြင်းခံထားရတာ ဖြစ်ပါတယ်။

ယူရို ၂၀၂၈ ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိဖို့အတွက် ဗြိတိန်နိုင်ငံ၊ အိုင်ယာလန်နိုင်ငံနဲ့ ရုရှားနိုင်ငံတို့အပြင် တူရကီနိုင်ငံကလည်း အဆိုပြုထားတယ်လို့ သိရပါတယ်။

လာမယ့် ယူရို ၂၀၂၄ ဘောလုံးပြိုင်ပွဲကို ဂျာမနီနိုင်ငံက ဇွန် ၁၄ ရက်ကနေ ဇူလိုင် ၁၄ ရက်အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပ သွားဖို့ရှိနေတာ ဖြစ်ပါတယ်။

ယှဉ်ပြိုင်ပြီးစီးခဲ့တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာတော့ နောက်ဆုံးဗိုလ်လုပွဲမှာ အီတလီအသင်းနဲ့ အင်္ဂလန် အသင်းတို့ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး သာမန်ပွဲကစားချိန်အတွင်း တစ်ဖက်တစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့တာကြောင့် ပင်နယ်တီအဆုံး အဖြတ်ခံယူရာမှာတော့ အီတလီအသင်းက အင်္ဂလန်အသင်းကို သုံးဂိုး-နှစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ကာ ယူရို ၂၀၂၀ ချန်ပီယံဆုဖလားကို ရယူဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ငွေကြယ်

ပုံစာ-ယူရို ၂၀၂၀ ချန်ပီယံဖလားနှင့်အတူ အီတလီအသင်းကစားသမားများ အောင်ပွဲခံနေစဉ်။