ဗြိတိန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုသစ် ခြောက်သောင်းကျော်အထိ စံချိန်တင် တွေ့ရှိ

၆ ဇန်နဝါရီ

 

 

ဗြိတိန်နိုင်ငံတွင် အင်္ဂါနေ့အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသစ် ၆၀၀၀၀ သောင်းကျော် ရောက်ရှိသွားပြီဖြစ်ပြီး တရားဝင် အချက်အလက်များအရ ဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၆၀၉၁၆ ဉီး ရှိပြီဖြစ်သည်။ 

 

 

ဗြိတိန်နိုင်ငံတွင် တစ်ရက်တာအတွင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူပေါင်း ၈၃၀ ရှိပြီး စုစုပေါင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူပေါင်း ၇၆၀၀၀ ရှိပြီဖြစ်သည်။

 

 

အင်္ဂါနေ့ အတွင်းက ဗြိတိန်နိုင်ငံတွင် ခရီးသွားလာခွင့် ကန့်သတ်သည့် စည်းမျဉ်းတစ်ခုကို ချမှတ်ခဲ့သည်။

 

 

တင်းကျပ်သည့် အမိန့်တစ်ခုကို ပြည်သူများ အနေဖြင့် နားလည်ရန်လိုကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြောကြားခဲ့သည်။

 

 

လာမည့်လအတွင်းမှာ လူအများအပြားကို ကာကွယ်ဆေး ထိုးပေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ 

 

 

လာမည့် ဖေဖော်ဝါရီလလယ်အတွင်း သက်ကြီးရွယ်အိုများ အပါအဝင် လူပေါင်း ၁၃ သန်းကျော်ကို ကာကွယ်ဆေး ထိုးရန် ဗြိတိန်အစိုးရက စီစဉ်လျက် ရှိသည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်

mdn