ဗြိတိန်နိုင်ငံတွင် ကိုဗစ် - ၁၉ ကန့်သတ်ချက်ထားသည့် နယ်မြေဧရိယာများ တိုးချဲ့

လန်ဒန်   ၂၈  ဒီဇင်ဘာ

ဗြိတိန်နိုင်ငံတွင် ကူးစက်မြန် ဗီဇပြောင်း ကိုဗစ် -၁၉ကြောင့် ကန့်သတ်ချက် တင်းကျပ်သည့် နယ်မြေဧရိယာများကို တိုးချဲ့လိုက်ကြောင်း သိရသည်။

ကန့်သတ်မှုများအောက်ထားရှိ

ခရစ္စမတ် ကာလအတွင်း ကန့်သတ်ချက်များ ဖြေလျှော့ပေးရန် အစီအစဉ်ကိုလည်း ရုပ်သိမ်းခဲ့ရသည်။ တောင်အာဖရိကတွင် တွေ့ရှိရသည့် ဗီဇပြောင်း ကိုဗစ် -၁၉ ကိုလည်း ဗြိတိန်နိုင်ငံအတွင်း ကျယ်ကျယ်ပြန့်ပြန့် တွေ့ရှိလာသည်။ လန်ဒန်မြို့အပါအဝင် အင်္ဂလန်အရှေ့တောင်ပိုင်းတွင် ပြီးခဲ့ သည့် ဒီဇင်ဘာ ၂၀ ရက်မှ စတင်ကာ တင်းကျပ်သည့် ကန့်သတ်မှုများအောက်ထားရှိခဲ့သည်။ နေအိမ်၌ သာနေရန် သတ်မှတ်ထားသည့် ဧရိယာမှ ပြည်သူများအတွက် ယင်းအစီအစဉ်ကို အချိန်ကာလ ထပ်မံတိုးချဲ့ခဲ့သည်။

ဆိုင်များကိုပိတ်ထားရ

စကော့တလန်၊ ဝေလနှင့် မြောက်အိုင်ယာလန်တို့တွင်လည်း အလားတူကန့်သတ်ချက်မျိုး ထုတ်ပြန်ထားသည်။ ပုံမှန်အားဖြင့်ဆိုလျှင် ခရစ္စမတ်အပြီးတွင် ဈေးဆိုင်များ ၌ ဝယ်သူအများအပြားနှင့် စည်ကားလေ့ရှိသော်လည်း ယခုနှစ်အတွက်မူ အရေးမကြီးသည့် ဆိုင်များကို ပိတ်ထားရသည်။ လန်ဒန်မြို့ လမ်းမများတွင်လည်း ခြောက်သွေ့လျက်ရှိသည်။

နီးကပ်စွာ ရောက်ရှိလာ

မကြာသေးမီက တစ်ရက်တည်းအတွင်း ကူးစက်မှု ၄၀၀၀၀ ရှိလာပြီး ဆေးရုံတက်ရောက် ကုသမှုခံယူရသည့် လူနာအရေအတွက်မှာလည်း နွေဦးကာလက ကူးစက်မှုနှုန်းမြင့်ခဲ့စဉ်က အနေအထားနှင့် နီးကပ်စွာ ရောက်ရှိလာသည်ဟု သိရသည်။

အင်န်အိတ်ချ်ကေ