ဗြိတိန်နိုင်ငံတွင် ဒုတိယအကြိမ် အသွားအလာကန့်သတ်ပိတ်ဆို့မှု ချမှတ်

၅  နိုဝင်ဘာ

 

ဗြိတိန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှင့်သေဆုံးမှုများ မြင့်တက်လာသဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ဗြိတန်အစိုးရက အသွားအလာကန့်သတ်ပိတ်ဆို့မှု ထပ်မံချမှတ်ခဲ့သည်။

 

အဆိုပါကန့်သတ်ပိတ်ဆို့မှုသည် နိုဝင်ဘာ ၅ ရက်နေ့မှစတင်ပြီး ဒီဇင်ဘာ ၂ ရက်နေ့ အထိ သက်ရောက်မည် ဖြစ်သည်။

 

ထိုအတောအတွင်း ပြည်သူများအနေဖြင့် အခြားသတ်မှတ်ထားသော လှုပ်ရှားမှုများနှင့် နေ့စဉ်သုံးပစ္စည်းများ ဝယ်ယူခြင်းမှအပ နေအိမ်တွင် နေထိုင်ကြရန် ဖြစ်သည်။

 

စူပါမားကတ်များနှင့် ဆေးဆိုင်များကဲ့သို့သော မရှိမဖြစ်လိုအပ်သော ပစ္စည်းအရောင်းဆိုင်များမှအပ လက်လီရောင်းချသူများအား ရောင်းချခွင့် ပိတ်ပင်ထားသည်။

 

စားသောက်ဆိုင်များသည် ပါဆယ်စနစ်ဖြင့် ပို့ဆောင်သည့် ဝန်ဆောင်မှုများကိုသာ ပေးနိုင်သည်။

 

ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က စီးပွားရေးအပေါ်အကျိုးသက်ရောက်မှု လျော့ပါးစေရန် ပိတ်ဆို့မှုအစီအမံများအား တစ်လအတွင်း အဆုံးသတ်သင့်သည်ဟု ထပ်တလဲလဲ ပြောကြားခဲ့သည်။

 

ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ ၄၉၂ ဦး ရှိသည်။ ယင်းသေဆုံးမှုသည် မေလနောက်ပိုင်းတွင် ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးမှု အမြင့်ဆုံးအဆင့် ဖြစ်သည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို