ဗြိတိန်နိုင်ငံသို့ ဖိုက်ဇာ ကိုဗစ်ကာကွယ်ဆေးများ ရောက်ရှိလာပြီ

လန်ဒန်၊ ၅  ဒီဇင်ဘာ

           

Pfizer နှင့် BioNTech တို့ ပူးတွဲထုတ်လုပ်သည့် ပထမအသုတ် ကိုဗစ်ကာကွယ်ဆေးများ ဗြိတိန်နိုင်ငံသို့ ရောက်ရှိလာခဲ့ပြီဟု ဗြိတိန်အစိုးရက အတည်ပြုလိုက်သည်။

           

ကိုဗစ်ကာကွယ်ဆေးများကို ပြင်သစ်နှင့် ဗြိတိန်ကြား Channel Tunnel ခေါ် ဥမင်လိုဏ်ခေါင်းမှတစ်ဆင့် ဘယ်လ်ဂျီယမ်နိုင်ငံရှိ ကုမ္ပဏီ၏စက်ရုံမှ ဗြိတိန်နိုင်ငံသို့ ထရပ်ကားများဖြင့် ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

           

လာမည့်အင်္ဂါနေ့မှစ၍ သက်ကြီးစောင့်ရှောက်ရေးဂေဟာ နေထိုင်သူများနှင့် ဝန်ထမ်းများကို ကိုဗစ်ကာကွယ်ဆေး စတင်ထိုးပေးမည်ဟု ဗြိတိန်အစိုးရက မျှော်လင့်သည်။

           

အမျိုးသားကျန်းမာရေးဌာန (NHS) မှ ဝန်ထမ်းများနှင့် အသက် ၈၀ ကျော် သက်ကြီးပြည်သူများကို ကို ဗစ်ကာကွယ်ဆေးထိုးပေးရန် ဦးစားပေးစာရင်းတွင် ထည့်သွင်းထားသည်။

           

“ခရစ္စမတ်မတိုင်မီ ဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးမဲ့အစီအစဉ် စတင်မှာဖြစ်ပေမဲ့ နှစ်သစ်ကူးရောက်မှသာ အစုလိုက်အပြုံလိုက် ကာကွယ်ဆေးထိုးမှာဖြစ်ပါတယ်” ဟု ဗြိတိန် စီးပွားရေးဝန်ကြီး အလော့ခ်ရှာမာက ပြော သည်။

           

ဗြိတိန်နိုင်ငံက သုံးပတ်ခြား၍ နှစ်ကြိမ်ထိုးရမည့် Pfizer ကာကွယ်ဆေး အလုံးရေ သန်း ၄၀ မှာယူခဲ့သည်။ အဆိုပါ ကိုဗစ်ကာကွယ်ဆေးများက ပြည်သူ သန်း ၂၀ အတွက် လုံလောက်ပြီး ယခုနှစ်အတွင်း ကာကွယ်ဆေး အလုံးရေ ၈၀၀၀၀၀ ရောက်ရှိမည်ဟု ဗြိတိန်အစိုးရက ပြောသည်။

           

တစ်နိုင်ငံလုံးအတိုင်းအတာ ကာကွယ်ဆေးထိုးရေး အစီအစဉ် စတင်ချိန်တွင် ပြည်သူများအတွက် ကာ ကွယ်ဆေးထိုးရေးစင်တာများ တည်ဆောက်မည်ဖြစ်သည်။

           

ကိုဗစ်ကာကွယ်ဆေးများကို ဆေးခန်းများ၊ ဆေးဆိုင်များ၌လည်း ရရှိနိုင်မည်ဖြစ်သည်။ ဗြိတိန်တပ်မတော်က ဗိုင်းရပ်စ်ကာကွယ်ဆေးများ ထောက်ပံ့ပို့ဆောင်ရေးနှင့် ဖြန့်ဖြူးရေးတွင် အကူအညီပေးမည်ဖြစ်သည်။

 

ကိုးကား-CGTN