ဗြိတိန်နိုင်ငံရဲ့ ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ တိုင်ဆန်ဖူရီ အနားယူတော့မည်

ဗြိတိန်နိုင်ငံရဲ့ ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံတစ်ဦးဖြစ်တဲ့ တိုင်ဆန်ဖူရီဟာ ဧပြီလအတွင်းမှာ တစ်နိုင်ငံတည်းသား ဒီလီယန်ဝှိုက်နဲ့ ဒဗလျူဘီစီ ချန်ပီယံခါးပတ်လုပွဲ ယှဉ်ပြိုင်ထိုးသတ်မှာဖြစ်ပြီး အဲဒီပြိုင်ပွဲပြီးချိန်မှာ လက်ဝှေ့သမားဘဝကနေ အနားယူတော့မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

လက်ဝှေ့သမားဘဝသမိုင်းမှာ ရှုံးပွဲမရှိစံချိန်တင် ထားနိုင်ခဲ့တဲ့ အသက် ၃၃ နှစ်အရွယ်ရှိ ဗြိတိန်လက်ဝှေ့ သမား တိုင်ဆန်ရီဟာ ပရော်ဖက်ရှင်နယ်လက်ဝှေ့ပြိုင်ပွဲ ၃၂ ပွဲ ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာမှာ ၃၁ ပွဲအထိ နိုင်ပွဲရရှိခဲ့ကာ တစ်ပွဲသရေရလဒ်ထွက်ခဲ့တာ ဖြစ်ပါတယ်။

သရေရလဒ်တစ်ပွဲ ထွက်ပေါ်ခဲ့တာကတော့ အမေရိကန်လက်ဝှေ့သမား ဒီအွန်ဘေးဝိုင်ဒါနဲ့  ပထမဆုံး အကြိမ် ထိုးသတ်ခဲ့တဲ့ ပွဲစဉ်ဖြစ်ပြီး ဒုတိယအကြိမ်နဲ့ တတိယအကြိမ် ထိုးသတ်ခဲ့ရာမှာတော့ နှစ်ကြိမ်စလုံးအနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ဗြိတိန်ပရော်ဖက်ရှင်နယ်လက်ဝှေ့သမား တိုင်ဆန်ဖူရီဟာ ဧပြီ ၂၃ ရက်မှာ ဝင်ဘလေလက်ဝှေ့ ကြိုးဝိုင်းအတွင်း ဒီလီယန်ဝှိုက်နဲ့ ယှဉ်ပြိုင်ထိုးသတ်ဖို့ စီစဉ်ထားတာဖြစ်ပြီး အဲဒီလက်ဝှေ့ပြိုင်ပွဲ ယှဉ်ပြိုင်ပြီးချိန်မှာ အနားယူဖို့စီစဉ်ထားတာ ဖြစ်ပါတယ်။

ငွေကြယ်