ဗြိတိန်နိုင်ငံမှာ food banks လက်ခံသူအရေအတွက်ဟာ မှတ်တမ်းတင်တဲ့ အနေအထားသို့ ရောက်ရှိ

၁၂ နိုဝင်ဘာ

ဗြိတိန်နိုင်ငံမှာ ဧပြီကနေ စက်တင်ဘာအတွင်း food bank အစားအစာလှူဒါန်းမှုကို လက်ခံသူအရေအတွက်ဟာ မှတ်တမ်းတင်နိုင်တဲ့ အရေအတွက်သို့ ရောက်ရှိနေကြောင်း အစားအစာလှူဒါန်းမှု ပြုလုပ်ပေးတဲ့ ပရဟိတအဖွဲ့က ဒီနေ့(ကြာသပတေးနေ့)မှာ ထုတ်ပြန်လိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် စီးပွားရေး အခက်အခဲတွေကနေ ဆင်းရဲတွင်းကို လူတွေအား တွန်းပို့နေသလို ဖြစ်နေပါတယ်။

ဗြိတိန်နိုင်ငံတစ်ဝန်းမှာ food bank အစားအစာလှူဒါန်းမှုကို လက်ခံသူအရေအတွက်ဟာ ၆ လအတွင်း ၄၇ ရာခိုင်နှုန်း တက်လာကြောင်း လှူဒါန်းမှုတွေ ပြုလုပ်နေတဲ့ Trussell Trust ပရဟိတ အဖွဲ့က ပြောပါတယ်။

ကလေးငယ်တွေအတွက် အရေးပေါ်အစားအစာထုတ် ၂,၆၀၀ ကို နေ့စဉ်ဝေငှပေးနေခြင်း အပါအဝင် ဗြိတိန်နိုင်ငံတွင်းက အခက်အခဲနဲ့ ကြုံတွေနေသူအား အစားအစာ အထုတ်ပေါင်း ၁ ဒသမ ၂ သန်း ပေးဝေနေရကြောင်း သိရပါတယ်။

၂၀၁၉ ခုနှစ်က စီးပွားရေးပျက်ကပ်နဲ့ ကြုံတွေ့နေရစဉ်ကလည်း အခုလိုမျိုး food bank အစားအစာလှူဒါန်းမှုကို လက်ခံသူအရေအတွက် များခဲ့တာကို တွေ့ရကြောင်း ပရဟိတအဖွဲ့က ပြောပါတယ်။

ဗြိတိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ စုစုပေါင်း ၁ ဒသမ ၂ သန်းရှိပြီး သေဆုံးသူက ၅၀,၀၀၀ ကျော်သွားကြောင်း ဒီနေ့ထုတ်ပြန်ချက်အရ သိရပါတယ်။

ဗိုင်းရပ်စ်ပိုး ကူးစက်မှုကို တားမြစ်ရန် ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို ပယ်ဖျက်ချိန်မှာ နိုင်ငံရဲ့ ပြည်တွင်းထုတ်ကုန် (GDP) ဟာ တတိယ သုံးလပတ် (ဂျူလိုင်-စက်တင်ဘာ) အတွင်း  ၁၅ ဒမသ ၅ ရာခိုင်နှုန်းတိုးကြောင်း သိရပါတယ်။

MDN

ကိုးကား- AFP