ဗြိတိန်နိုင်ငံကို ဗိုင်းရပ်စ်ပိုးကူးစက်နှုန်းနည်းပါးတဲ့ နိုင်ငံတွေကနေ လာရောက်လည်ပတ်မယ်ဆိုရင် သီးသန့်ခွဲခြားနေစရာမလို

လန်ဒန်  ၂၇  ဇွန်

ဗြိတိန်နိုင်ငံကို ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်နှုန်းနည်းပါးတဲ့ နိုင်ငံတွေကနေ လာရောက်လည်ပတ်ခဲ့ရင် သီတင်းနှစ်ပတ် သီးသန့်ခွဲခြားနေထိုင်စရာမလိုကြောင်း  သောကြာနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဗြိတိန်အစိုးရကို လေကြောင်းလိုင်းတွေနဲ့ ခရီးသွားလုပ်ငန်းတွေကနေ ဖိအားပေးပြီးနောက် အခုကြေညာချက် ထွက်ပေါ်လာတာဖြစ်ပြီး သီးသန့်ခွဲခြားနေထိုင်စရာမလိုတဲ့ နိုင်ငံများစာရင်းကို နောက်သီတင်းပတ်မှာ ထုတ်ပြန်ပေးမယ်လို့ အစိုးရက ပြောပါတယ်။

ဒီကြေညာချက်ဟာ ပြင်သစ်၊ ဂရိနဲ့ စပိန်နိုင်ငံတို့နဲ့ ဆွေးနွေးအပြီးမှာ ထွက်ပေါ်လာတာဖြစ်ပြီး  ဇူလိုင် ရက်နေ့ကစပြီး အသက်ဝင်မယ်လို့ သိရပါတယ်။

ဗြိတိန်နိုင်ငံသားတွေအား တခြားနိုင်ငံတွေဆီကို အရေးကြီးကိစ္စမရှိရင် မသွားဖို့ အကြံပြုထားပေမယ့် ခရီးသွားလမ်းညွှန်ချက်အသစ်ကို ထုတ်ပြန်သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးရုံးက ထုတ်ပြန် ထားပါတယ်။

ခရီးသွားတွေအားလုံးဟာ လေယာဉ်ပျံပေါ်နဲ့ ဖယ်ရီပေါ်တွေမှာ  မျက်နှာဖုံးဝတ်ဆင်ရန် လိုအပ်ပါတယ်။ အဲဒီလိုအပ်ချက်ဟာ ဉပဒေကြောင်းအရ လိုအပ်တာမျိုးဖြစ်လာကြောင်း သိရပါတယ်။

ဇွန်လ ရက်နေ့စပြီး ဗြိတိန်နိုင်ငံသားများ အပါအဝင် ဗြိတိန်နိုင်ငံကို လာရောက်သူများဟာ သီတင်းနှစ်ပတ်တိတိ သီးသန့်ခွဲခြားစောင့်ကြည့်မှုအောက်မှာ နေထိုင်ဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအမိန့်ကို ဝေဖန်မှုရှိသလို လေကြောင်းလိုင်းတွေရဲ့ ဉပဒေကြောင်းအရ စိန်ခေါ်မှုတွေပါ ဗြိတိန်အစိုးရက ရင်ဆိုင်နေရပါတယ်။

နိုင်ငံခြားက လာရောက်သူတွေကြောင့် ဗိုင်းရပ်စ်ပိုးကူးစက်မှု ပြန်ဖြစ်ခဲ့မယ်ဆိုရင် အခုရပ်နားမယ့် အစီအစဉ်ကို ပြန်လည်ပြဌာန်းဖို့ ဝန်လေးနေမှာ မဟုတ်ကြောင်း  အစိုးရဲ့ပြောခွင့်ရသူက ပြောကြားပါတယ်။

MDN

ကိုးကား - AFP

 

104886995_3080162262019385_4182007041135835509_n

 

14s