ဗြိတိန်နိုင်ငံက M&S လုပ်သား ၇,၀၀၀ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ရိုက်ခတ်မှုကြောင့် အလုပ်မှရပ်နား

၁၈ ဩဂုတ်

 

ဗြိတိန်နိုင်ငံက Marks and Spencer (M&S) မှ လုပ်သား ၇,၀၀၀ ဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးရဲ့ ရိုက်ခတ်မှုကြောင့် အလုပ်မှ ရပ်နားမယ်လို့ ဒီနေ့(အင်္ဂါနေ့) မှာ ကြေညာလိုက်ပါတယ်။ M&S ဟာ ဗြိတိန်နိုင်ငံက ကုန်တိုက်ဖြစ်ပြီး အစားအသောက်နဲ့ အဝတ်အထည်တွေရောင်းချတဲ့ ဆိုင်ဖြစ်ပါတယ်။

 

လုပ်သား ၇,၀၀၀ ကို သုံးလအတွင်းမှာ အလုပ်မှ ရပ်နားသွားမယ်လို့ M&S ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ M&S မှာ လုပ်သား ၈၀,၀၀၀ ကျော်ရှိရာ အများစုဟာ ဗြိတိန်နိုင်ငံမှာ အလုပ်လုပ်နေသူဖြစ်ပါတယ်။

 

ဆိုင်တွေပြန်ဖွင့်ချိန်မှ စပြီး သီတင်း ၈ ပတ်အတွင်းမှာ အဝတ်အထည်နဲ့ အိမ်သုံးပစ္စည်းတွေ ရောင်းအားမှာ ၂၉ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းသလို ဆိုင်တွင်းရောင်းချနှုန်း ၄၇ ဒသမ ၉ နှုန်း ကျဆင်းခဲ့ပေမယ့် အွန်လိုင်းရောင်းချမှုမှာ ၃၉ ဒသမ ၂ ရာခိုင်နှုန်း တိုးခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် သီတင်း ၁၃ ပတ်အတွင်းမှာ အစားအစာ ရောင်းချနှုန်း ၂ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ခဲ့တာကိုလည်း တွေ့မြင့်ခဲ့ပါတယ်။

 

အွန်လိုင်းမှရောင်းချရေးအတွက် လုပ်သား ၁၅၀ ဦး အလုပ်ခန့်ထားကြောင်း သိရပါတယ်။

 

M&S ဆိုင်တွေဟာ ဗြိတိန်နိုင်ငံရှိ Debenhams ၊ John Lewis နဲ့ Boots ဆိုင်တွေနဲ့ တွဲပြီး ဖွင့်လှစ်ထားတာမျိုးကိုလည်း တွေ့ရပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးရဲ့ ရိုက်ခတ်မှုကြောင့် John Lewis မှ လုပ်သား ၁,၃၀၀ ကို အလုပ်မှ ရပ်နားသလို Boots မှလည်း လုပ်သား ၄,၀၀၀ အလုပ်မှရပ်နားနိုင်ကြောင်းနဲ့ WH Smith မှလည်း လုပ်သား ၁,၅၀၀ ကို အလုပ်မှ ရပ်နားမယ်လို့ အခုသီတင်းပတ်တွေ အတွင်းမှာ ထုတ်ပြန်ကြေညာထားပါတယ်။

 

MDN

ကိုးကား - AFP