ဗြိတိန်နိုင်ငံက ဆိုင်တိုင်းမှာ မျက်နှာဖုံး ဝတ်ရမယ်လို့ ပြဌာန်းထား

၁၄ ဇူလိုင်

 

 

ဗြိတိန်အစိုးရက အင်္ဂလန်နိုင်ငံ အတွင်းရှိ ဆိုင်တွေနဲ့ စူပါမတ်ကတ် အတွင်းမှာ လာမယ့် သီတင်းပတ်ကစပြီး မျက်နှာဖုံးဝတ်ကို ဝတ်ဆင်ရမယ်လို့ ဒီနေ့(အင်္ဂါနေ့) မှာ ထုတ်ပြန်လိုက်ပါတယ်။

 

 

ဗြိတိန်ဝန်ကြီးချုပ်က လူတိုင်းဟာ ဆိုင်တွေ အတွင်းမှာ မျက်နှာဖုံးဝတ်ကို ဝတ်ဆင်ရမယ်။ ဒီပြဌာန်းချက်ဟာ ဇူလိုင် ၂၄ ရက်ကစပြီး လူတိုင်း လိုက်နာရမယ့် စည်းမျဉ်းဖြစ်တယ်။ မျက်နှာကို ဖုံးထားခြင်းဟာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ထိန်းချုပ်ရေးမှာ အထောက်အကူပြုတဲ့ သက်သေတွေ တွေ့ရှိကြောင်း ပြောပါတယ်။

 

 

အများသုံး ယာဉ်တွေပေါ်မှာ မျက်နှာဖုံး ဝတ်ဆင်ရေးကို ဇွန် ၁၅ ရက်နေ့ကစပြီး ထုတ်ပြန်ထားခဲ့ရာ အခုတော့ ဆိုင်တွေအထိ အဲဒီညွှန်ကြားချက် တိုးမြှင့်ပြဌာန်းတာဖြစ်ကြောင်း ဝန်ကြီးချုပ်နေအိမ်က ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

 

မျက်နှာဖုံး မဝတ်ဆင်ခဲ့ရင် ရဲတပ်ဖွဲ့ကနေ ဒဏ်ငွေ ပေးဆောင်ရန် ဖမ်းဆီးနိုင်ကြောင်း၊ ဒဏ်ငွေဟာ စတာလင်ပေါင် ၁၀၀ အထိ ပေးဆောင်ရမှာဖြစ်ကြောင်း ပြောပါတယ်။

 

 

ဗြိတိန်နိုင်ငံဟာ ဗိုင်းရပ်စ်ပိုး ဒဏ်ခံရဆုံး နိုင်ငံတွေထဲ ပါဝင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ရာ သေဆုံးသူ ၄၅,၀၀၀ နီးပါးရှိကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား- AFP

2429