ဗြိတိန်မင်းသားနှစ်ပါး မိခင် ဒိုင်ယာနာမင်းသမီး၏ ရုပ်တုအား ဖွင့်လှစ်

လန်ဒန် ဇူလိုင် ၂

 

ဗြိတိန်မင်းသားနှစ်ပါးဖြစ်သည့် မင်းသားဝီလျံနှင့် မင်းသားဟယ်ရီတို့သည် လန်ဒန်မြို့လယ် ကန်စင်တန် နန်းတော်ရှိ မိခင်ဖြစ်သူ မင်းသမီးဒိုင်ယာနာ၏ ရုပ်တုဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့သည်။ 

 

မင်းသမီးဒိုင်ယာနာ၏ နှစ် (၆၀) ပြည့်မွေးနေ့အခမ်းအနားကို သူမ၏မူလနေအိမ်ဖြစ်သည့် နန်းတော်အတွင်းရှိ ဆန်ကန်ဥယျာဉ်တွင် ဇူလိုင် ၁ရက်နေ့က ကျင်းပခဲ့သည်။ မင်းသမီး ဒိုင်ယာနာသည် ၁၉၉၇ ခုနှစ် ဩဂုတ်လတွင် ယာဉ်တိုက်မှုကြောင့် ဆုံးပါးသွားခဲ့ခြင်း ဖြစ်သည်။ မင်းသမီး၏ အလှူအတန်းရက်ရောမှုများနှင့် လူသားချင်း စာနာမှုများကို ဂုဏ်ပြုသောအားဖြင့် သူမ၏ပုံတူရုပ်တု တည်ဆောက်ရေးလုပ်ငန်းကို လွန်ခဲ့သောလေးနှစ်ကပင် စတင်ဆောင်ရွက်ခဲ့သည်။

 

ကိုဗစ်-၁၉ တားဆီးကာကွယ်ရေးလုပ်ငန်းများနှင့်အညီ အခမ်းအနားကို လူအနည်းအကျဉ်းဖြင့်သာ ကျင်းပခဲ့ပြီး မင်းသမီး၏ ဆွေမျိုးအချို့နှင့် ရုပ်တုဖန်တီးသူများသာ တက်ရောက်ခဲ့ကြသည်။  မင်းသမီး အနှစ်သက်ဆုံးဖြစ်ခဲ့သော နေရာတစ်ခုဖြစ်သည့် အဆိုပါဥယျာဉ်တွင် နှင်းဆီပန်းများ၊ ကျူးလစ်ပန်းများဖြင့် အလှဆင်ထားခဲ့သည်။

 

အခမ်းအနားတွင် မင်းသားနှစ်ပါးက မိခင်ဖြစ်သူအား ၎င်းတို့နှင့် အတူရှိစေချင်ကြောင်း၊ အဆိုပါရုပ်တုသည် မိခင်ဖြစ်သူ၏ ဘဝနှင့် အမွေအနှစ် သင်္ကေတတစ်ခုအဖြစ် ထာဝရတည်ရှိလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကိုးကား-အန်အိတ်ခ်ျကေ

ဘာသာပြန်-စုရည်