ဗြိတိန်လွှတ်တော်ကို နှစ်ပေါင်း ၇၀၀ အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် အွန်လိုင်းကနေ  လွှတ်တော်အမတ်များ ဆွေးနွေးကြမည်

၂၁ ဧပြီ

 

ဗြိတိန်လွှတ်တော်ကို အင်္ဂါနေ့မှာ ပြန်လည်ကျင်းပမှာဖြစ်ပေမယ့် ကိုရိုနာဗိုင်းရပ်စ် တားဆီးရေးအတွက် လွှတ်တော်အမတ်တွေကို အွန်လိုင်းကနေ လွှတ်တော် တက်ရောက်ဖို့ ဆော်ဩထားပါတယ်။

 

ကိုဗစ် -၁၉ ရောဂါ ပျံ့နှံ့မှု ထိန်းချုပ်ရေးအတွက် တစ်ဦးနဲ့တစ်ဦး ၂ မီတာ အကွာမှာ နေကြရန် သတ်မှတ်ချက်အရ လွှတ်တော် အဆောက်အဦးအတွင်းမှာ လွှတ်တော်အမတ် ၅၀ ဦးသာ ထိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ အောက်လွှတ်တော်မှာ လွှတ်တော် အမတ်ပေါင်း ၆၅၀ ဦးရှိတဲ့အတွက် အခုလို အွန်လိုင်းကနေ လွှတ်တော်တက်ရန် အကြံပြုထားတာ ဖြစ်ပါတယ်။

 

လွှတ်တော်ကို Zoom ကနေတဆင့် Video Conferencing စနစ်နဲ့ တိုက်ရိုက် ဆွေးနွေးနိုင်အောင် ကျင်းပမှာ ဖြစ်တာကြောင့် နှစ်ပေါင်း ၇၀၀ အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် အွန်လိုင်း လွှတ်တော် ဖြစ်တယ်လို့ ဆိုရမှာပါတယ်။

 

mdn

 

ဗြိတိန်လွှတ်တော်ကို  ကိုဗစ် - ၁၉ ရောဂါ ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရန်အတွက် အီစတာရုံး ပိတ်ရက်အနေနဲ့ သီတင်းတစ်ပတ်စော ပိတ်ခဲ့ပြီး ဧပြီ ၂၁ ရက်နေ့မှာ ပြန်လည် ကျင်းပတာ ဖြစ်ပါတယ်။

 

ဗြိတိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူပေါင်း ၁၆၅၀၀ ကျော် သေဆုံးပြီးဖြစ်ကြောင်း သိရပါတယ်။

 

ဗြိတိန်နိုင်ငံမှာ တစ်နိုင်ငံလုံးကို အသွားအလာပိတ်ဆို့ (lockdown) ထားပေမယ့် ဧပြီ ၂၁ ရက်နေ့မှာ လွှတ်တော်ကို ပြန်လည်ဖွင့်လှစ်မှာ ဖြစ်ပါတယ်။

 

MDN
ကိုးကား - AFP