ဗြိတိန်အစိုးရက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူများ သီးခြားခွဲနေထိုင်မှုကာလအား ခုနစ်ရက်မှ ငါးရက်သို့လျှော့ချ

ဇန်နဝါရီ ၁၄

 

ဗြိတိန်အစိုးရက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူများ သီးခြားခွဲနေထိုင်မှုကာလအား ခုနစ်ရက်မှငါးရက်သို့ လျှော့ချထားကြောင်း ကျန်းမာရေးဝန်ကြီး ဆာဂျစ်ဂျာဗစ်က ယမန်နေ့ကထုတ်ပြန်ကြေညာခဲ့သည်။

 

ထိုကြေညာချက်သည် ဇန်နဝါရီ ၁၇ ရက်တွင် စတင်သက်ဝင်မည်ဖြစ်သည်။

 

ကိုဗစ်ရောဂါကူးစက်ဖြစ်ပွားသူများ၏သုံးပုံနှစ်ပုံသည် ရောဂါကူးစက်ခံရပြီးနောက် ငါးရက်မြောက်နေ့ နှောင်းပိုင်း တွင်ရောဂါကူးစက်ဖြစ်ပွားမှုမရှိတော့သည်ကို အချက်အလက်တရားဝင်ဖော်ပြထားသည်ဟုလည်း ၎င်းက ဆိုသည်။

 

အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုကြောင့် တစ်ရက်လျှင်ရောဂါထပ်မံကူးစက်ခံရသူ ၁၀၀၀၀၀ ကျော်ရှိသည်ဟု ဖော်ပြထားသည်။

 

အစိုးရက မကြာသေးမီကပင် သီးသန့်ခွဲနေထိုင်မှုကာလကို ၁၀ ရက်မှ ခုနစ်ရက်သို့ လျှော့ချခဲ့သည်။ ကျန်းမာရေးတာဝန်ရှိသူများက ကွာရန်တင်းကာလ ငါးရက်ကြာပြီးဆုံးပြီးနောက်တွင် အခြားသူများအား ကူးစက်နိုင်သေးသဖြင့် လူအုပ်အတွင်းထိတွေ့မှုရှောင်ရှားရန်နှင့် ပါးစပ်၊ နှာခေါင်းစည်းများ တပ်ထားကြရန် ပြည်သူများအား တိုက်တွန်းပြောကြားထားသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို