ဗီယင်နာအိုးပင်းတင်းနစ်ပြိုင်ပွဲမှာ ကာလို့စ်အယ်ကာရက်ဇ်ကို ရှုံးပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီဖြစ်တဲ့ အန်ဒီမာရေး

ဗြိတိန်တင်းနစ်အကျော်အမော် အန်ဒီမာရေးဟာ ဗီယင်နာအိုးပင်းတင်းနစ်ပြိုင်ပွဲရဲ့ အမျိုးသား တစ်ဦးချင်း ၁၆ ဦးအဆင့် ပြိုင်ပွဲအဖြစ် အောက်တိုဘာ ၂၇ ရက်က စပိန်ဆယ်ကျော်သက် တင်းနစ် ကစားသမား ကာလို့စ်အယ်ကာရက်ဇ်နဲ့ ယှဉ်ပြိုင်ကစားခဲ့ရာ ကာလို့စ်အယ်ကာရက်ဇ်ကို ရှုံးနိမ့်ခဲ့တာ ကြောင့် ပြိုင်ပွဲကနေထွက်ခဲ့ရပြီ ဖြစ်ပါတယ်။

အန်ဒီမာရေးဟာ ဗီယင်နာအိုးပင်းတင်းနစ်ပြိုင်ပွဲရဲ့ အမျိုးသားတစ်ဦးချင်းချန်ပီယံဆုကို ၂၀၁၄ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်တို့မှာ နှစ်ကြိမ်ရရှိခဲ့ဖူးတာ ဖြစ်ပါတယ်။ အန်ဒီမာရေးဟာ ယခုလအစောပိုင်းက ယှဉ်ပြိုင် ကစားခဲ့တဲ့ အင်ဒီယန်ဝဲလ်တင်းနစ်ပြိုင်ပွဲမှာ ကာလို့စ်အယ်ကာရက်ဇ်ကို အနိုင်ရရှိခဲ့တာဖြစ်ပြီး ယခု ပြိုင်ပွဲမှာတော့ ကာလို့စ်အယ်ကာရက်ဇ်ကို ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ကာလို့စ်အယ်ကာရက်ဇ်ဟာ အန်ဒီမာရေးကို ၆-၃၊ ၆-၃ နဲ့ အနိုင်ရရှိခဲ့တာကြောင့် ဗီယင်နာအိုးပင်း တင်းနစ်ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းခွင့်ရရှိခဲ့ပြီဖြစ်တာမို့ ကွာတားဖိုင်နယ်အဆင့်မှာ အီတလီနိုင်ငံရဲ့ ကမ္ဘာ့အဆင့် ၇ နေရာမှာ ရပ်တည်နေတဲ့ တင်းနစ်ကစားသမား ဘရက်တီနီနဲ့ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။

အေးပြည့်