ဗီယက်နမ်နိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၅၂၇၀ ရှိ

ဟနွိုင်း ဒီဇင်ဘာ ၁၇

 

ဗီယက်နမ်နိုင်ငံ၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၅၂၇၀ ထပ်မံတွေ့ရှိကြောင်း၊ ယင်းလူဦးရေအနက် ၁၅၂၆၇ ဦးသည် ပြည်တွင်း၌ ကူးစက်ခံရ သူများဖြစ်ကြောင်းနှင့် သုံးဦးသည် ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများ အနက်မှ ကူးစက်ခံရခြင်းဖြစ်ကြောင်း ဗီယက်နမ် ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

ကိုဗစ်-၁၉ ရောဂါ အစုလိုက်အပြုံလိုက် ကူးစက်ခံရမှုအများစုမှာ ဗီယက်နမ်နိုင်ငံ တောင်ပိုင်းမှဖြစ်ကြောင်းနှင့် ဟိုချီမင်း စီးတီး၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၁၇၅ ဦး၊ ကာမောပြည်နယ်၌ ၁၃၃၉ ဦးနှင့် ဘင်ဖူအော့ပြည်နယ်၌ ၈၈၀ ရှိကြောင်း သိရသည်။ ။

 

လက်ရှိတွင် ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၁၄၉၃၂၃၇ ဦးရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၂၈၈၅၇ ဦးရှိကြောင်း ဗီယက်နမ်ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။ ထို့ပြင် ဗီယက်နမ်နိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည် ကျန်းမာလာသဖြင့် ဆေးရုံမှဆင်းခွင့်ရရှိ သူ၁၀၃၃ ဦးရှိခြင်းကြောင့် အဆိုပါရောဂါမှ ပြန်လည်ကျန်းမာလာသူပေါင်း ၁၀၆၄၄၆၁ ဦးရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။

 

အသုံးပြုပြီးဖြစ် ဗီယက်နမ်နိုင်ငံ၌ နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်အောက်တွင် ကာကွယ်ဆေး အလုံးရေ ၁၃၅ ဒသမ ၇ သန်းကျော် အသုံးပြုပြီးဖြစ်ကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အလင်းသစ်