ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၃၅၀၀ ထပ်မံတွေ့ရှိ

ဟနွိုင်း   ဧပြီ  ၁၉

ဗီယက်နမ်နိုင်ငံ၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၃၅၀၀ ထပ်မံ တွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန က ယနေ့ပြောကြားသည်။ 

ယခုကိုဗစ်-၁၉ ရောဂါထပ်မံကူးစက် ခံရသူများမှာ ပြည်တွင်းရှိ ပြည်နယ် ၆၀ မှဖြစ်ကြောင်း သိရသည်။ 
မြို့တော်ဟနွိုင်းသည်   ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ၏   ဗဟိုချက်ဒေသ ဖြစ်လာပြီး ဟနွိုင်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၀၂၂ ဦး   ထပ်မံတွေ့ရှိရ ကာ   နိုင်ငံမြောက်ပိုင်းရှိပြည်နယ်များ ဖြစ်သည့်  ဖူသိုးတွင်   ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၈၃၈ ဦးနှင့် ယန်ဘိုင်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၆၀၅ ဦး အသီးသီးတွေ့ရှိရသည်။

လက်ရှိအချိန်တွင်   နိုင်ငံအတွင်း ကိုဗစ်-၁၉  ရောဂါ   ကူးစက်ခံရသူ ၁၀၄၈၉၃၁၉ ဦးနှင့် အဆိုပါရောဂါကြောင့် သေဆုံးသူ ၄၂၉၇၅ ဦးရှိကာ ကိုဗစ်-၁၉ ရောဂါမှ        ပြန်လည်ကျန်းမာလာသူ ၉၀၆၅၆၉၄ ဦးရှိကြောင်း သိရသည်။ နိုင်ငံ အတွင်းလက်ရှိအချိန်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ  ၂၀၉  ဒသမ ၈ သန်း သုံးစွဲထိုးနှံပေးခဲ့ပြီး  ၎င်းတို့အနက်       ကိုဗစ်-၁၉ ကာကွယ်ဆေး အလုံးရေ ၁၉၂ ဒသမ ၅ သန်းကို   နိုင်ငံအတွင်းရှိ အသက် ၁၈ နှစ်နှင့်အထက်ရှိသူများအား ထိုးနှံပေး ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။ 

လက်ရှိအချိန်အထိ   ပြည်တွင်း၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၀ ဒသမ ၅ သန်းနီးပါးရှိကြောင်း   ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။ 

ကိုးကား-ဆင်ဟွာ
 ဘာသာပြန်-စိုးသူရ