ဗီယက်နမ်နိုင်ငံ၏နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ယခုနှစ်ပထမခြောက်လအတွင်း အနည်းငယ်ကျဆင်း

ဇူလိုင် ၁

ဗီယက်နမ်နိုင်ငံသည် ယခုနှစ်ပထမခြောက်လအတွင်း ခန့်မှန်းတွက်ချက်မှုအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၁၅ ဒသမ ၂၇ ဘီလီယံ တန်ဖိုးရှိရာ ယမန်နှစ်ကထက် ၂ ဒသမ ၆ ရာခိုင်နှုန်းကျဆင်းခဲ့သည်ဟု အထွေထွေစာရင်းအင်းရုံး၏ယနေ့ဖော်ပြချက်အရ သိရသည်။

အထူးသဖြင့် ဗီယက်နမ်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၉ ဒသမ ၅၅ ဘီလီယံ တန်ဖိုးရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအသစ် (FDI) စီမံကိန်းများကိုခွင့်ပြုမိန့် ထုတ်ပေးခဲ့ရာ ၄၃ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းခဲ့သော်လည်း ယမန်နှစ်ကထက် ၁၃ ဒသမ ၂ ရာခိုင်နှုန်းတက်လာသည်။

ထိုကာလအတွင်း ဗီယက်နမ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများထပ်မံခွင့်ပြုခဲ့သည့် နိုင်ငံများနှင့်ဒေသများမှာ စင်ကာပူနိုင်ငံသည် အမေရိကန်ဒေါ်လာ ၄ ဒသမ ၇ ဘီလီယံဖြင့်အများဆုံးဖြစ်ပြီး ဂျပန်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံတို့ ဖြစ်ကြောင်း အထွေထွေစာရင်းအင်းရုံးက ပြောကြားသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို