ဗီယက်နမ် ခရက်ဒစ်အဖွဲ့အစည်းများ၏ ချေးငွေပမာဏ ၅ နှစ်အတွင်း အနိမ့်ဆုံးသို့ ရောက်ရှိ

၂၅ ဇန်နဝါရီ


ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တော်ရှိ ခရက်ဒစ်အဖွဲ့အစည်းများ၏ စုစုပေါင်းချေးငွေမှာ ၂၀၁၈ ခုနှစ်အတွင်း ၁၄ ဒသမ ၆၉ ရာခိုင်နှုန်း တိုးတက်လာခဲ့သာ်လည်း ပြီးခဲ့သည့် ၅ နှစ်အတွင်း အနည်းဆုံးနှုန်းဖြစ်ကြောင်း ဗီယက်နမ်ဗဟိုဘဏ်၏ ဟိုချီမင်းဘဏ်ခွဲက ပြောကြားသည်။

 

ပြီးခဲ့သည့်နှစ်က ခရက်ဒစ်အဖွဲ့အစည်းများ၏ အရင်းအနှီးမှာ ၃ ဒသမ ၆ ရာခိုင်နှုန်းရှိခဲ့ပြီး အရင်းအနှီးစုဆောင်း မှုမှာ ၉ ဒသမ ၇၄ ရာခိုင်နှုန်းရှိကာ စုစုပေါင်းတန်ဖိုးမှာ ၁၁ ဒသမ ၇၈ ရာခိုင်နူန်းရှိကြောင်း ဗီယက်နမ်နိုင်ငံတော် ဘဏ်၏ ဟိုချီမင်းဘဏ်ခွဲက ပြောကြားသည်။  

 

mdn

 

၂၀၁၈ ခုနှစ်အတွင် ဗီယက်နမ်ဘဏ်လုပ်ငန်းစနစ်၏ စုစုပေါင်းချေးငွေမှာ ၁၄ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး ရည်မှန်းချက်ဖြစ်သည့် ၁၇ ရာခိုင်နှုန်းကို ပြည့်မီခြင်းမရှိခဲ့ကြောင်း ဗဟိုဘဏ်က ဇန်နဝါရီလအတွင်း ပြောကြားခဲ့သည်။

 

ဗဟိုဘဏ်က ယခုနှစ်အတွက် ခရက်ဒစ်ဖွံ့ဖြိုးမှုရည်မှန်းချက်ကို ၁၄ ရာခိုင်နှုန်းခန့် သတ်မှတ်ခဲ့သည်။ ၂၀၁၇ ခုနှစ်အတွင်း ဗီယက်နမ်နိုင်ငံရှိ ဘဏ်လုပ်ငန်းများ၏ စုစုပေါင်းချေးငွေမှာ ၁၈ ဒသမ ၁၇ ရာခိုင်နှုန်း တိ်ုးချဲ့လာ ခဲ့ပြီး ရည်မှန်းထားသော ၁၈ ရာခိုင်နှုန်းကို ကျော်ဖြတ်သွားခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်