ဗီဇပြောင်း ကိုဗစ်-၁၉ ကူးစက်မှု ဆွီဒင်နိုင်ငံ၌ ပထမဆုံးအကြိမ် တွေ့ရှိ

စတော့ဟုမ်း ၂၈ ဒီဇင်ဘာ

ခရစ္စမတ်ပွဲဆင်နွှဲရန်အတွက် လန်ဒန်မှဆွီဒင်သို့ ပြန်လာသော လူတစ်ဦးတွင် ဗီဇပြောင်း ကိုဗစ်-၁၉ ကူးစက်ခံထားရသည်ကို တွေ့ရှိရကြောင်း သိရသည်။ အဆိုပါ ဗီဇပြောင်း ကိုဗစ်-၁၉ မှာ ဗြိတိန်တွင် ကူးစက်မှုတိုးနေသည်။

ယခုအခါ အဆိုပါပုဂ္ဂိုလ်ကို သီးခြားခွဲထားကြောင်း ဆွီဒင်ပြည်သူ့ကျန်းမာရေးအေဂျင်စီမှ ဆာရာဘိုင်ဖို့က ဒီဇင်ဘာ ၂၆ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ကူးစက်ခံထားရသည့် သူ၏မိသားစုဝင်များကို စစ်ဆေးရာတွင် ရောဂါကူးစက်မှုမရှိကြောင်း တွေ့ရှိရသည်။ သို့သော်လည်း ဗီဇပြောင်း ကိုဗစ်-၁၉ ကူးစက်မှုမှာ ဆွီဒင်နိုင်ငံတွင် ရှိနေနိုင်ပြီး ထောက်လှမ်းမတွေ့ရှိရသေးခြင်း ဖြစ်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ယခု ဗီဇပြောင်း ကိုဗစ်-၁၉ ကူးစက်ခံထားရသူမှာ ဆွီဒင်နိုင်ငံသို့ ရောက်ရှိပြီးနောက် ဖျားနာခဲ့ပြီး ဒီဇင်ဘာ ၂၁ ရက်တွင် ရောဂါကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

ဆင်ဟွာ