ဘူးသီးတောင်မြို့နယ်၌ ရေဘေးသင့်အိမ်ထောင်စု ၁၆၄၁ စုအတွက် ဆန်ရိက္ခာ ၆၆၄ အိတ် ထောက်ပံ့

ဘူးသီးတောင် ဇူလိုင်    ၃၀

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် ဇူလိုင် ၂၇ ရက်မှစတင်ကာ မိုးအဆက် မပြတ် ရွာသွန်းမှုကြောင့် ရေနစ်မြှုပ်ခဲ့ရသည့် ကထီးလှ(နတလ)ကျေးရွာ အိမ်ထောင်စု ၂၀၀၊ ပန်းဘဲချောင်းကျေးရွာ အိမ်ထောင်စု၂၄၂ စု၊ ယင်းမဈေးကျေးရွာ အိမ်ထောင်စု ၁၀၈စု၊ ငါးရန့်ချောင်းကျေးရွာ အိမ်ထောင်စု ၈၁ စု၊ ကျီးနှုတ်သီးကျေးရွာ အိမ်ထောင်စု တစ်စု၊ ဘဒကားကျေးရွာ အိမ်ထောင်စု ငါးစု၊ ပန်ဇီ ကျေးရွာအိမ်ထောင်စု ငါးစု၊ ကျွန်းပေါက် ကျေးရွာ အိမ်ထောင်စု ၁၀၈ စု၊ ဂုပ္ပီကျေးရွာ အိမ်ထောင်စု ၃၉ စု၊ စဟုန်းကျေးရွာ အိမ်ထောင်စု ခြောက်စု၊ အောင်ဇေယျ ကျေးရွာ အိမ်ထောင်စု ၄၁ စု၊ အိုးဗြူကျေးရွာ အိမ်ထောင်စု ၄၅ စု၊ မောင်နီကျေးရွာ အိမ်ထောင်စု ၁၄ စု၊ လိပ်ရ ကျေးရွာ အိမ်ထောင်စု ၁၆ စု၊ ညောင်ခြုံကျေးရွာ အိမ်ထောင်စု ၃၈ စု၊ ရေခွဲ ကျေးရွာ အိမ်ထောင်စု ရှစ်စု၊ ဝက်မကျကျေးရွာ အိမ်ထောင်စု ၃၂ စု၊ မော်စတော်ဘီ ကျေးရွာ အိမ်ထောင်စု ၂၃ စု၊ ခွဆုံ(ဘင်္ဂါလီ)ကျေးရွာ အိမ်ထောင်စု ၁၈ စု၊ ခေါင်းကြီးကျေးရွာ အိမ်ထောင်စု ငါးစု၊ ခွဆုံ(ရခိုင်)ကျေးရွာ အိမ်ထောင်စု ၁၀ စု၊ သေကံ(ဘင်္ဂလီ)ကျေးရွာ အိမ်ထောင်စု( ၅၀၊ သေကံ(ရခိုင်)ကျေးရွာ အိမ်ထောင်စု ၁၀ စု၊ တင်ဆက်ကျေးရွာ အိမ်ထောင်စု ၂၀ ၊ ဈေးအနောက် ကျေးရွာ အိမ်ထောင်စု ၂၀၊ ဈေးအရှေ့ကျေးရွာ အိမ်ထောင်စု ၃၀၊ ဒိုင်းနက်ပြင်ကျေးရွာ အိမ်ထောင်စု ၄၀၊ ပြင်ရှည်အရှည်ကျေးရွာ အိမ်ထောင်စု ၂၇ စု၊ ရက်ချောင်းကျေးရွာ အိမ်ထောင်စု ၆၀၊ ပြင်ရှည်ကျေးရွာ အိမ်ထောင်စု ၃၅ စု၊ သပြေတောကျေးရွာ အိမ်ထောင်စု ၂၀၊ သရက်တောင်ကျေးရွာ အိမ်ထောင်စု ၁၀၊ ဂူတာပြင်ကျေးရွာ အိမ်ထောင်စု ၁၂ စု၊ တောင်ရွာကျေးရွာ အိမ်ထောင်စု ရှစ်စု၊ ဖိုးခေါင်ချောင်းကျေးရွာ အိမ်ထောင်စု ၃၅ စု၊ ကန္ဒ အိမ်ထောင်စု ၂၀၊ ကံပြင်ကျေးရွာ အိမ်ထောင်စု ခြောက်စု၊ မြောင်းနားကျေးရွာ အိမ်ထောင်စု ၂၄ စု၊ ဒေလီကျေးရွာ အိမ်ထောင်စု ၈၂ စု စုစုပေါင်း ကျေးရွာ ၄၁ ရွာ၊ အိမ်ထောင်စု ၁၆၄၁ စု၊ လူဦးရေစုစုပေါင်း ၉၁၁၇ ဦးတို့အား ဆန်ရိက္ခာ ၆၆၄အိတ် ၁၈ပြည် ၆ဘူး ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါရေနစ်မြှုပ်သည့် ကျေးရွာများသို့ ဆန်ရိက္ခာထောက်ပံ့ခြင်းကို ဇူလိုင် ၃၀ ရက်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေး ဦးဆောင်၍ မြို့နယ်ဘေးအန္တာရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးငြိမ်းထွန်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများဦးဆောင်ကာ အဖွဲ့ သုံးဖွဲ့ခွဲ၍ ကျေးရွာများသို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)