ဘုတလင်မြို့၌ သီတင်းကျွတ်ကာလအတွင်း ဗျောက်အိုးနှင့် မီးရှူး၊ မီးပန်းများ ရောင်းချမှု မရှိစေရေး ကွင်းဆင်းစစ်ဆေး

ဘုတလင်  ၁၃  အောက်တိုဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့တွင် သီတင်းကျွတ် ကာလအတွင်း ဗျောက်အိုးနှင့် မီးရှူး၊ မီးပန်းများ ရောင်းချမှု မရှိစေရေးအတွက် ဌာနဆိုင်ရာများ ပူးပေါင်း၍ အောက်တိုဘာ ၁၂ ရက် ညနေပိုင်းက ဘုတလင်မြို့ပေါ်ရှိ ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း မြို့နယ် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

 

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပူးပေါင်းအဖွဲ့များက သီတင်းကျွတ်ကာလအတွင်း ဗျောက်အိုးနှင့် မီးရှူး၊ မီးပန်းများကြောင့် ပြည်သူများ အထိတ်တလန့် ဖြစ်စေနိုင်ခြင်းနှင့် ကလေးငယ်များအတွက် အန္တရာယ် ဖြစ်စေနိုင်ခြင်းတို့ကြောင့် ဗျောက်အိုးနှင့် မီးရှူး၊ မီးပန်းများ ရောင်းချမှု မရှိစေရေးနှင့် အသုံးပြုမှု မရှိစေရေး အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

 

အလားတူ သီတင်းကျွတ်ကာလအတွင်း ဗျောက်အိုးနှင့် မီးရှူး၊ မီးပန်းများ ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူး ရောင်းချခြင်း၊ ဗျောက်အိုးဖောက်ခြင်း၊ မီးရှူး၊ မီးပန်းများ ပစ်လွှတ်ခြင်းတို့ မပြုလုပ်ရန်နှင့် တွေ့ရှိပါက တည်ဆဲဥပဒေအရ အရေးယူခြင်း ခံရမည်ဖြစ်ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက အမိန့် အမှတ်(၁/၂၀၁၉)ကို ထုတ်ပြန်ထားကြောင်း သိရသည်။

 

ဖိုးခါး(ပြန်/ဆက်)