ဘရူနိုင်းနိုင်ငံမှာ ဂေးများနှင့် လူမှုရေးဖောက်ပြန်သူများကို ကျောက်တုံးနဲ့ ထုသတ်မယ်

၂၈ မတ်


ဘရူနိုင်း နိုင်ငံမှာ လာမည့် သီတင်းပတ် ကစပြီး လိင်တူချစ်သူများနှင့် လူမှုရေးဖောက်ပြန်သူများကို ရှာဟီလာ ဥပဒေအရ ကျောက်တုံးနဲ့ ထုသတ်မယ်လို့ တာဝန်ရှိသူတွေက ပြောကြားပါတယ်။ ဝေဖန်မှုတွေ ရှိတဲ့အတွက် ၄ နှစ်ကြာ ရှာဟီလာဥပဒေကို ကျင့်သုံးခြင်းမရှိခဲ့ပေမယ့် အခု ပြန်လည် ကျင့်သုံးမှာလို့ သိရပါတယ်။ 


ဘော်နီရိုကျွန်းပေါ်က သဘာဝသယံဇာတ ကြွယ်ဝတဲ့ ဘရူနိုင်းနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေထက် တင်းကြပ်တဲ့ အစ္စလာမ်ဝါဒကို ကျင့်သုံးတဲ့ နိုင်ငံဖြစ်ပါတယ်။ နိုင်ငံတကာ လွှတ်ငြိမ်း ချမ်းသာရေး အဖွဲ့က ဘရူနိုင်းနိုင်ငံအနေနဲ့ အဲဒီဥပဒေကို ချက်ချင်း ရပ်တန့်ဖို့ ဆော်သြနေပါတယ်။ 

 

mdn


ဘရူနိုင်းနိုင်ငံမှာ ဂေးကို တရားမဝင်အဖြစ် သတ်မှတ်ပြီး ဖြစ်ပေမယ့် အခုတော့ သေဒဏ်အဖြစ် သတ်မှတ် လာတာဖြစ်ပါတယ်။ ဒီဥပဒေဟာ မွတ်စလင်တွေအတွက်သာ ဖြစ်တယ်လို့ သိရပါတယ်။ 


အသစ်ပြဌာန်းလိုက်တဲ့ ဥပဒေထဲမှာ ခိုးမှု ကို ပထမအကြိမ် ကျူးလွန်ခဲ့ရင် ညာဘက် လက်ဖြတ်မှာဖြစ်ပြီး ဒုတိယအကြိမ် ခိုးမှုကျူးလွန်ခဲ့ပါက ဘယ်ဘက် ခြေထောက်ဖြတ်မှာဖြစ်ပါတယ်။ 


ဒီဥပဒေဟာ လာမယ့် ဧပြီ ၃ ရက်နေ့ကနေ စတင် အသက်ဝင်မှာဖြစ်ပါတယ်။ 


MDN
ကိုးကား-AFP