ဘရာဇီးနိုင်ငံတွင် ကလေးငယ်များကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးမှုစတင်

ဆော်ပိုလို ဇန်နဝါရီ ၁၆

ဘရာဇီးနိုင်ငံတွင် အသက်ငါးနှစ် မှ ၁၁ နှစ်အရွယ် ကလေးများကို ဇန်နဝါရီ ၁၄ ရက်မှ စတင်ကာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးမှုများ စတင်နေပြီဟု သိရသည်။

ဘရာဇီးနိုင်ငံတွင် ပထမဦးဆုံးအကြိမ်ကာကွယ်ဆေးထိုးမှုကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်းမှ စတင်ကာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ လွန်ခဲ့သည့် တစ်လကျော်ခန့်မှစတင်ကာ ကလေးများအတွက် ကိုဗစ် -၁၉ ကာကွယ်ဆေးထိုးပေးရန်ဘရာဇီးနိုင်ငံရှိ အမျိုးသားထောက်လှမ်းရေး ကျန်းမာရေးအေဂျင်စီက ခွင့်ပြုချက်ပေးခဲ့သည်။

ဖိုက်ဇာကာကွယ်ဆေးထိုးခွင့်ရှိသူ ကလေး အရေအတွက်မှာ သန်း ၂၀ ကျော်အထိရှိကြောင်းသိရသည်။

၎င်းတို့မှာ မိဘ၏ သဘောတူညီချက်ဖြင့် ကာကွယ်ဆေးထိုးနိုင်ကြောင်း သိရသည်။ ဘရာဇီး ကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ အသက် ၅ နှစ်မှ ၁၁ နှစ်ကြား ကလေး ၃၀၀ ကျော်မှာ ကိုဗစ် -၁၉ ကြောင့်သေဆုံးခဲ့ရကြောင်း သိရသည်။

ဘရာဇီးနိုင်ငံတွင် လူဦးရေ ၂၁၃ သန်းအနက် လူပေါင်း ၆၂၀၀၀၀ မှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးခဲ့ရကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလနှောင်းပိုင်း အိုမီခရွန်ကူးစက်မှုများစတင်သည့် အချိန်မှစတင်ကာ ဘရာဇီးနိုင်ငံတွင် ကူးစက်ခံရသူ ဦးရေမှာ တစ်ရှိန်ထိုးများပြားလာခဲ့သည်။

အေအက်ဖ်ပီ