ဘရာဇီးနိုင်ငံတွင် ကိုဗစ်-၁၉ ကြောင့် ကူးစက်ခံရသူ ၄၂၅၆ ဦး၊ သေဆုံးသူ ၁၃၆ ဦး ရှိလာ

၃၀ မတ်

ဘရာဇီးနိုင်ငံတွင် ကိုဗစ်-၁၉ ကြောင့် ကူးစက်ခံရသူ ၄၂၅၆ ဦး၊ သေဆုံးသူ ၁၃၆ ဦးထိ ရှိလာပြီ ဖြစ်ကြောင်း ဘရာဇီးကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ၂၄ နာရီ အတွင်း လူ ၂၂ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၃၅၂ ဦး ထပ်မံကူးစက်ခံရကြောင်း ထိုဝန်ကြီးဌာနက အတည်ပြုပြောကြားခဲ့သည်။ 

အရှေ့တောင်ပိုင်း ဆောပိုလိုပြည်နယ်တွင် ရောဂါကူးစက်ခံရမှု အဆိုးရွားဆုံးဖြစ်ပြီး သေဆုံးသူ ၉၈ ဦး ရှိပြီး ကူးစက်ခံရသူ ၁၄၅၁ ဦး ရှိပြီး ရီယိုဒီဂျီးနေးရိုးပြည်နယ်တွင် သေဆုံးသူ ၁၇ ဦး ရှိပြီး ကူးစက်ခံရသူ ၆၀ဝ ဦး ရှိသည်။

ဘရာဇီးနိုင်ငံရှိ ပြည်နယ် ၂၇ ခုအနက် ပြည်နယ် ၁၃ ခုတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် သေဆုံးသူများရှိသည်ဟု ကိန်းဂဏန်းများက ဖော်ပြထားသည်။

ဗဟိုအစိုးရသည် အိမ်နီးချင်းနိုင်ငံများနှင့်နယ်နိမိတ်များကို ပိတ်ထားခဲ့ပြီး ဗိုင်းရပ်စ်ကူးစက်မှု အများအပြားဖြစ်ပွားသောနိုင်ငံများမှ လေကြောင်းခရီးများကို ကန့်သတ်ခဲ့သည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို