ဘရာဇီးနိုင်ငံမှာ ကပ်ရောဂါကြောင့် သေဆုံးသူ ၇၀၀၀၀ ကျော်ရှိ

၁၁ ဇူလိုင်

ဘရာဇီးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် စုစုပေါင်း သေဆုံးသူ ၇၀၀၀၀ ကျော် သေဆုံးကြောင်း ကျန်းမာရေးဝန်ကြီဌာနက သောကြာနေ့က ထုတ်ပြန်ပါတယ်။

၂၄ နာရီအတွင်းအမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၄၅၀၀၀ ဉီးခဲ့ပြီး သေဆုံး ၁၂၀၀ ကျော်ရှိခဲ့သည်။ ယခုဆိုလျှင် ဘရာဇီးနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ စုစုပေါင်း ၁ ဒသမ ၈ သန်းနဲ့ သေဆုံးသူစုစုပေါင်း ၇၀၄၀၀ ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားပါတယ်။

လူဦးရေ ၂၁၂ သန်း ရှိတဲ့ ဘရာဇီးနိုင်ငံဟာ အမေရိကန်နိုင်ငံပြီးရင် ဒုတိယမြောက် ကပ်ရောဂါဒဏ် အခံရဆုံး နိုင်ငံဖြစ်ပါတယ်။ ဘရာဇီးနိုင်ငံမှာ လူတစ်သန်းမှ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၃၃၅ ဦးရှိတဲ့အတွက် အမေရိကန် နိုင်ငံမှာ လူတစ်သန်းမှာ ၄၀၃ ဦး သေဆုံး၊ စပိန်နိုင်ငံမှာ လူတစ်သန်းမှာ ၆၀၇ ဦးသေဆုံးမှု ရှိတဲ့အတွက် ကိန်းဂဏန်းအရ နည်းတယ်လို့ ဆိုနိုင်ပါတယ်။

ဘရားဇီးနိုင်ငံရဲ့ တချို့ပြည်နယ်တွေမှာ ပြီးခဲ့တဲ့သီတင်းပတ် ငါးပတ်က သေဆုံးသူ တစ်ထောင်ကျော်ပေမယ့် အခုသီတင်းပတ်မှာ ရီယိုဒီဂျီးနေးရိုးမှာ သေဆုံးသူ ၆၅၃ ဦး၊ စီအာရာမှာ ၇၄၂ ဦး၊ အရီဇိုနားမှာ သေဆုံးသူ ၇၂၆ ဉီး ရှိခဲ့ပါတယ်။

MDN

ကိုးကား - AFP

107298216_1278348869169667_4415523956402908703_n