ဘရာဇီးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ငါးသန်းကျော်ရှိလာ

၈ အောက်တိုဘာ

ဘရာဇီးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါပိုး တွေ့ရှိသူ ငါးသန်းကျော် သွားပြီး သေဆုံးသူအရေအတွက်ဟာ ၁၅၀,၀၀၀ နီးပါး အထိ ရောက်ရှိသွားကြောင်း ကျန်းမာရေးဌာနမှ ထုတ်ပြန်ကြေညာပါတယ်။

 

တောင်အမေရိကမှ ဗိုင်းရပ်စ်ပိုးဒဏ်အဆိုးဆုံးခံနေရတဲ့ ဘရာဇီးနိုင်ငံမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၂၄ နာရီအတွင်း ၃၁,၅၅၃ ဦးရှိတဲ့အတွက် ပိုးတွေ့ရှိသူ စုစုပေါင်း ၅,၀၀၀,၆၉၄ ဦးရှိကြောင်း ဘရာဇီးကျန်းမာရေးဝန်ကြီးဌာနရဲ့ ဗုဒ္ဓဟူးနေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

လူဦးရေ ၂၁၂ သန်းနေထိုင်တဲ့ ဘရာဇီးနိုင်ငံမှာ ဗုဒ္ဓဟူးနေ့ က ၂၄ နာရီအတွင်း သေဆုံးသူ ၇၃၄ ဦးရှိရာ စုစုပေါင်း သေဆုံးသူ ၁၄၈,၂၂၈ ဦး ရှိကြောင်း သိရပါတယ်။ ဗိုင်းရပ်စ်ပိုးကြောင့် ပထမဦးဆုံး သေဆုံးသူဟာ မတ်လကဖြစ်ပေမယ့် ဘရာဇီးနိုင်ငံဟာ အမေရိကန်နိုင်ငံပြီးရင် သေဆုံးသူ ဒုတိယအများဆုံး နိုင်ငံဖြစ်ပါတယ်။

 

နိုင်ငံရဲ့ဗိုင်းရပ်စ်ပိုးဂရပ်ဟာ လျော့ကျသွားတဲ့ဘက်ကို ရောက်ရှိလာလို့ ပြောရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က သေဆုံးအရေအတွက်ဟာ နေ့စဉ် ၆၁၀ ဦးသာ ရှိနေပါတယ်။ ဇွန်လကနေ ဩဂုတ်လအတွင်းမှာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူအရေအတွက်ဟာ နေ့စဉ် ၁,၀၀၀ အောက်သာရှိနေပါတယ်။

 

ဗိုင်းရပ်စ်ပိုးတွေ့သူအရေအတွက်ဟာ ပြီခဲ့တဲ့ သီတင်းပတ်က နေ့စဉ် ၂၇,၀၀၀ ဦး နှုန်း သာရှိနေခဲ့ပါတယ်။ စက်တင်ဘာအစောပိုင်းကတော့ နေ့စဉ်ပိုးတွေ့သူအရေအတွက်ဟာ ၄၀,၀၀၀ ကျော်ရှိနေပါတယ်။

 

ဘရာဇီးနိုင်ငံရဲ့ ဗိုင်းရပ်စ်ပိုးဂရပ်ဟာ ယေဘုယျအားဖြင့်  အကျဘက်ကို ပြနေပေမယ့် စိုးရိမ်ရတဲ့ အခြေအနေမှာဘဲရှိနေသေးကြောင်း ကျွမ်းကျင်ပညာရှင်တွေက ပြောပါတယ်။

 

MDN

ကိုးကား - AFP