ဘရာဇီးနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ကမ္ဘာမှာ ဒုတိယအများဆုံးဖြစ်လာ

၂၃ မေ

ဘရာဇီးနိုင်ငံဟာ ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ဒုတိယအများဆုံး နိုင်ငံဖြစ်လာကြောင်း သိရပါတယ်။ ဘရာဇီးနိုင်ငံဟာ  အမေရိကန်နိုင်ငံပြီးရင် ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ဒုတိယအများဆုံးနိုင်ငံအဖြစ် သောကြာနေ့မှာ ရုရှားနိုင်ငံဆီကနေ လွဲပြောင်းယူလိုက်တာလို့ ဆိုရမှာဖြစ်ပါတယ်။

ဘရာဇီးနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၃၃၀,၈၉၀ ဦး ရှိပြီး သေဆုံးသူ ၂၁,၀၄၈ဦးရှိကြောင်း၊ အခုထွက်ပေါ်နေတဲ့ ကိန်းဂဏန်းထက် ၁၅ ဆ လောက် များနိုင်သေးကြောင်း ကျွမ်းကျင်ပညာရှင်တွေက ခန့်မှန်းထားပါတယ်။

၂၄ နာရီအတွင်း သေဆုံးသူ ၁,၀၀၁ ဦးရာ လေးရက်အတွင်း သုံးကြိမ်မြောက် သေဆုံးသူ တစ်ထောင်ကျော် တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း ဘရာဇီးနိုင်ငံဟာ တောင်အမေရိကရဲ့ ဗိုင်းရပ်စ်ပိုး ပျံ့ပွားရာ ဗဟိုချက်မ ဖြစ်လာကြောင်း၊ တခြားနိုင်ငံတွေအတွက် စိုးရိမ်ရကြောင်း၊ အခုချိန်မှာတော့ ဘရာဇီးနိုင်ငံဟာ ဗိုင်းရပ်စ်ပိုးဒဏ် အခံရဆုံးနိုင်ငံလို့ ဆိုရမှာ ဖြစ်တယ်လို့ ပြောကြားလိုက်လာပါတယ်။

အမေရိကန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၁ ဒသမ ၆ သန်း ရှိပြီး သေဆုံးသူ ၉၆,၀၀၀ ဦးကျော်သွားကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ မှတ်တမ်းအရ သိရပါတယ်။

ရုရှားနိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူပေါင်း ၃၂၆,၄၈၈ ဦးရှိပြီး သေဆုံးသူ ၃,၂၀၀ ဦး ရှိကြောင်း သိရပါတယ်။

ဘရာဇီးနိုင်ငံရဲ့ သေဆုံးမှုကတော့ အဆင့် ၆ မှာရှိကြောင်း၊ အမေရိကန်၊ ဗြိတိန်။ အီတလီ၊ စပိန် နဲ့ ပြင်သစ်နိုင်ငံတွေ ရဲ့နောက်မှာ ရှိနေပါတယ်။

ဘရာဇီးနိုင်ငံရဲ့ သေဆုံးနှုန်းဟာ ဇွန်လမတိုင်မီအထိ အမြင့်ဆုံးကို မရောက်ရှိသေးကြောင်း ခန့်မှန်းနေကြ ပါတယ်။

MDN
ကိုးကား - AFP