မတ် ၂၅
ဘရာဇီးနိုင်ငံအရှေ့တောင်ပိုင်းတွင် မတ်လ ၂၂ ရက်ကစတင်ကာ မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ၂၃ ဦးထက်မနည်းသေဆုံးခဲ့ပြီး လူပေါင်း ၅၀၀၀ ကျော်သည် ၎င်းတို့၏နေအိမ်များမှဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ကြောင်း နိုင်ငံ၏အရပ်ဘက်ကာကွယ်ရေးအဖွဲ့က ယမန်နေ့ကပြောကြားသည်။ အက်စ်ပီရီတိုစန်တိုနှင့် ရီယိုဒီဂျနေရိုပြည်နယ်တို့တွင် မိုးသည်းထန်စွာရွာသွန်းမှုအများဆုံးဖြစ်ပြီး ၁၅ ဦးနှင့် ရှစ်ဦး အသီးသီးသေဆုံးခဲ့ကြသည်ဟု ဖော်ပြထားသည်။ အဆိုပါမိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများဖြစ်ပွားခဲ့သဖြင့် ထိုပြည်နယ်များမှ လူပေါင်း ၅၀၀၀ ကျော်သည် ၎င်းတို့၏နေအိမ်များမှ ဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို