ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သေဆုံးသူ ၁၆ ဦးရှိလာ

ဧပြီ ၄

 

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးပြည်နယ်တွင် သောကြာနေ့မှစတင်ကာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သေဆုံးသူ ၁၆ ဦးအထိ မြင့်တက်လာပြီး ၁၀ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ကယ်ဆယ်ရေးအဖွဲ့က ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

 

အန်ဂရာဒေါ့ရစ်မြို့တွင် ထိုမိုးရွာသွန်းမှုကြောင့် ထိခိုက်မှုအများဆုံးဖြစ်ကာ မြေပြိုမှုများကြောင့် လူရှစ်ဦးထက်မနည်းသေဆုံးခဲ့ပြီး ၁၀ ဦးပျောက်ဆုံးလျက်ရှိသည်ဟု ဒေသခံမီးသတ်သမားများ၏ ပြောကြားချက်အရ သိရသည်။

 

အဆိုပါဒေသတွင် သောကြာနေ့ညက မိုးရေချိန် ၆၅၅ မီလီမီတာရှိပြီး မိုးရေချိန် အမြင့်မားဆုံးပမာဏအဖြစ် စံချိန်တင်ခဲ့သည်။

 

ပါရာတီမြို့တွင် မြေပြိုမှုဖြစ်ပွားပြီးနောက် မိသားစုတစ်စုအတွင်းမှ လူခုနစ်ဦး သေဆုံးသွားခဲ့သည်။

 

မက်ကွီတာတွင် ရေနစ်နေသူတစ်ဦးကို ကယ်ဆယ်ရန်ကြိုးစာနေသည့် အသက် ၃၈ နှစ်အရွယ်အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့သည်။

 

ထိုဒေသတွင် တနင်္ဂနွေတစ်နေလုံး မိုးများဆက်လက်ရွာသွန်းနိုင်ပြီး မြေပြိုမှုများ ပိုမိုဖြစ်ပွားနိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းထားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို