ဘန်လေကို  အိမ်ကွင်းတွင် အနိုင်ယူခဲ့သည့် အာဆင်နယ်

mdn

၁၈ သြဂုတ်

 

အင်္ဂလန်ပရီမီယာလိဂ် ပွဲစဉ်(၂) ၏ စနေနေ့ည အစောဆုံးပွဲစဉ်အဖြစ် အာဆင်နယ်နှင့် ဘန်လေတို့ ယှဉ်ပြိုင်ကစားခဲ့ရာ အိမ်ရှင်အာဆင်နယ်အသင်း နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

 

အမ်းမရိတ်ကွင်းတွင် ယှဉ်ပြိုင်ခဲ့သည့် အာဆင်နယ်အသင်းသည် ပွဲချိန် ၁၃မိနစ်တွင် ထောင့်ကန်ဘောမှ တစ်ဆင့် လာကာဇတ်တီက အာဆင်နယ်အတွက် ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး ပွဲချိန် ၄၃ မိနစ်တွင် ဘားနက်စ်က ဘန်လေအတွက် ချေပဂိုးပြန်လည်သွင်းယူပေးခဲ့သည့်အတွက် ပထမပိုင်း ပြီးချိန်တွင် တစ်ဖက်တစ်ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်နေခဲ့သည်။ 


ဒုတိယပိုင်းမှာ အာဆင်နယ်အသင်းအတွက် အနိုင်ဂိုးကို ပွဲချိန် ၆၄ မိနစ်တွင် အူဘာမီယန်းက သွင်းယူပေးခဲ့သဖြင့် ပွဲအပြီးအတွင် အိမ်ရှင်အာဆင်နယ်အသင်းက နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်သုံးမှတ်ရယူနိုင်ခဲ့သည်။ ပွဲစဉ်(၂)အပြီးတွင် အာဆင်နယ်အသင်းသည် ရာသီအစ နှစ်ပွဲဆက် နိုင်ပွဲရရှိ ခဲ့ပြီး ပွဲစဉ်(၃)တွင် အာဆင်နယ် အသင်းသည် အဝေးကွင်း၌ လီဗာပူးအသင်းကို ယှဉ်ပြိုင်ရမည်ဖြစ်သည်။

 

ပရီမီယာလိဂ် အခြားပွဲစဉ်ရလဒ်များ

မန်စီးတီး ၂ - ၂ စပါး

ဆောက်သမ်တန် ၁-၂ လီဗာပူးလ်

အက်စတွန်ဗီလာ ၁ -၂ ဘုန်းမောက်

ဘရိုက်တန် ၁ - ၁ ဝက်စ်ဟမ်း

အဲဗာတန် ၁ - ဝ ဝက်ဖို့ဒ်

နောဝစ်ချ် ၃ - ၁ နယူးကာဆယ်