ဘင်ဖီကာနောက်ခံလူ ရူဘန်ဒိုင်ယာ့စ်ကိုခေါ်ယူဖို့ မန်စီးတီးအသင်းနဲ့ မန်ယူအသင်းတို့ အပြိုင်ကြိုးပမ်းနေ

၁၂ အောက်တိုဘာ

 

မန်စီးတီးအသင်းဟာ ဘင်ဖီကာအသင်းရဲ့ နောက်တန်းကစားသမား ရူဘန်ဒိုင်ယာ့စ်ကို ခေါ်ယူဖို့အတွက် မန်ချက်စတာမြို့ခံ ပြိုင်ဘက်မန်ယူ အသင်းနဲ့အပြိုင် ကြိုးပမ်းလျက်ရှိပါတယ်။

 

မန်စီးတီးအသင်းအနေနဲ့ နောက်တန်းခံစစ်ပိုင်း အားနည်းမှုနဲ့ ကြုံနေရပြီး ထိုသို့အားနည်းမှုကြောင့် နော့ဝှစ်ချ်အသင်း၊ ဝုလ်ဗာဟမ်တန် အသင်းတို့နဲ့ ပွဲစဉ်တွေမှာ ရလဒ်မကောင်းခဲ့တာ ဖြစ်ပါတယ်။

 

အဲဒါကြောင့် လီဗာပူးအသင်းနဲ့အမှတ် ပြတ်တဲ့အနေအထားကို ရောက်ခဲ့ရတာဖြစ်လို့ နောက်တန်းခံစစ်ပိုင်းအတွက် ဘင်ဖီကာ နောက်တန်းကစားသမား ရူဘန်ဒိုင်ယာ့စ်ကို ခေါ်ယူဖို့ပြင်ဆင်နေတာ ဖြစ်ပါတယ်။

 

မန်စီးတီးအသင်းဟာ အသင်းခေါင်းဆောင် ကွန်ပနီအသင်းနဲ့ လမ်းခွဲသွားခဲ့တဲ့အပြင် အသင်းအတွက် အားထားရတဲ့ နောက်တန်းကစားသမား လာပေါ့တီဟာလည်း ဒဏ်ရာပြဿနာ ကြုံနေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် အင်္ဂလန် နောက်တန်းကစားသမား ဂျွန်စတုန်းဟာလည်း ဒဏ်ရာပြဿနာကြောင့် အနားယူနေရတာ ဖြစ်ပါတယ်။

 

လက်ရှိမှာ မန်စီးတီးအသင်းအနေနဲ့ နောက်တန်းခံစစ်ကြောင်းမှာ အော့တမန်ဒီက အမှားအယွင်းများ နေတာကြောင့် အသင်းရဲ့ရလဒ်ပိုင်း ဆိုးရွားခဲ့တယ်လို့ နည်းပြဂွာဒီယိုလာက သုံးသပ်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် မန်စီးတီးအသင်းက အသင်းရဲ့ ရလဒ်ပိုင်း ပြန်လည်ကောင်းမွန်လာဖို့ လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ နောက်တန်းကစား သမားတစ်ဦးကို မဖြစ်မနေခေါ်ယူဖို့ စီစဉ်နေတယ်လို့ဆိုပါတယ်။

 

ငွေကြယ်-ရေးသားသည်