ဘင်္ဂလာဒေ့ရှ်နိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁ ဒသမ ၁ သန်းကျော် ရှိလာပြီဖြစ်

ဒါကာ ဇူလိုင် ၂၀

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဇူလိုင် ၁၈ ရက်တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁ ဒသမ ၁ သန်းကျော် ရှိပြီ ဖြစ်သည်။ ဇူလိုင် ၁၈ ရက်က နောက်ထပ် ကူးစက်ခံရသူ ၁၁၅၇၈ ဦး တွေ့ရှိခဲ့ပြီး သေဆုံးသူ ၂၂၅ ဦးရှိခဲ့သည်ဟု တိုင်းပြည်၏ ကျန်းမာရေးညွှန်ကြားရေးမှူးရုံး က ပြောသည်။

 

ထို့ကြောင့် စုစုပေါင်းကူးစက် ခံရသူ ၁၁၀၃၉၈၉ ဦး ရှိလာ ပြီး သေဆုံးသူပေါင်းမှာလည်း ၁၇၈၉၄ ဦး ရှိခဲ့သည်။ ဇူလိုင် ၁၇ ရက်တွင် နမူနာပေါင်း ၃၉၈၀၆ ကို ဆေးစစ်ပေးနိုင်ခဲ့သည်ဟု သိရသည်။ တစ်တိုင်းပြည်လုံးအနှံ့ ပြန်လည်ကျန်းမာလာသူ အရေအတွက်မှာလည်း ၉၃၂၀၀၈ ဦး ရှိလာခဲ့သည်။

 

တရားဝင် ထုတ်ပြန်သည့် အချက်အလက်များအရဘင်္ဂလား ဒေ့ရှ်နိုင်ငံတွင် ကိုဗစ် -၁၉ ကြောင့် သေဆုံးမှုနှုန်းမှာ ၁ ဒသမ ၆၂ ရာခိုင်နှုန်းရှိပြီး ပြန်လည်ကျန်းမာလာသည့်နှုန်းမှာ ၈၄ ဒသမ ၄၂ ရာခိုင်နှုန်းရှိသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၌ ဇူလိုင် ၁၂ ရက်တွင် ကူးစက်ခံရသူ ၁၃၇၆၈ ဦးဖြင့် ကူးစက်မှု အများဆုံးနေ့ဖြစ်ခဲ့ပြီး ဇူလိုင် ၁၁ ရက်တွင် သေဆုံးသူ ၂၃၀ ဖြင့် သေဆုံးသူဦးရေအများဆုံးနေ့အဖြစ် စံချိန်တင်ခဲ့သည်။

 

ဆင်ဟွာ