ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ကိုဗစ်-၁၉ ဆိုင်ရာ ကန့်သတ်ချက်များ သက်တမ်း ထပ်မံတိုးမြှင့်

ဇွန် ၁၇

 

ဘင်္ဂလားဒေ့ရှ်အစိုးရက နိုင်ငံတစ်ဝန်းတွင် အများပြည်သူသွားလာမှုနှင့် သယ်ယူပို့ဆောင်မှုတို့နှင့်ပတ်သက်ပြီး ကိုဗစ်-၁၉ ဆိုင်ရာ ကန့်သတ်ချက်များကို ဇွန် ၁၇ ရက်မှစ၍ တစ်လကြာ ထပ်မံတိုးမြှင့်ခဲ့သည်။

 

ထိုကိုဗစ်-၁၉ ဆိုင်ရာ ကန့်သတ်ချက်များကို အကြိမ်ပေါင်းများစွာ သက်တမ်းတိုးမြှင့်ခဲ့ပြီးနောက် ဇွန် ၁၆ ရက် ညသန်းခေါင်ယံအချိန်တွင် ကန့်သတ်ချိန်ကုန်ဆုံးခဲ့ရာ ဇူလိုင် ၁၅ ရက် ညသန်းခေါင်ယံအချိန်အထိ သက်တမ်း ထပ်မံတိုးမြှင့်ခဲ့သည်။

 

ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းများကို လိုက်နာပြီး အများပြည်သူသယ်ယူပို့ဆောင်ရေးတို့တွင် ခရီးသည်များ ထက်ဝက်ခန့်သာ တင်ဆောင်သွားလာရသည်။

 

ကိုဗစ်-၁၉ ရောဂါကူးစက်မှုမြင့်မားသောဒေသများတွင် အသွားကန့်သတ်ပိတ်ဆို့မှု အပါအဝင် ကိုဗစ်-၁၉ ဆိုင်ရာ လိုအပ်သည့် အစီအမံများ လုပ်ဆောင်ရသည်။

 

အိန္ဒိယနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ဒေသတော်တော်များများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း မြင့်မားလာမှုကြောင့် ယခုကဲ့သို့နောက်ဆုံးကန့်သတ်ချက်များ သက်တမ်းထပ်မံတိုးမြှင့်မှု ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို