ဘင်္ဂလားဒေ့ရှ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ သုံးသိန်းနီးပါးရှိလာ

ဒါကာ ဩဂုတ် ၂၅

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၅၄၅ ဦး ယနေ့ ထပ်မံတွေ့ရှိခဲ့ပြီး နိုင်ငံအတွင်း ရောဂါကူးစက်ခံရသူပေါင်း ၂၉၉၆၂၈ ဦးရှိလာကြောင်း ဘင်္ဂလားဒေ့ရှ် ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ ပြောကြားသည်။

ထို့အတူ ကိုဗစ်-၁၉ ရောဂါကြောင့် ၄၅ ဦး ယနေ့ ထပ်မံသေဆုံးခဲ့ရာ ဘင်္ဂလားဒေ့ရှ်၌ ရောဂါကြောင့် သေဆုံးသူပေါင်း ၄၀၂၈ ဦး ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် နောက်ဆုံး အချက်အလက်များအရ သိရသည်။

ဘင်္ဂလားဒေ့ရှ်အစိုးရသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ရန် ရောဂါစမ်းသပ်စစ်ဆေးမှုကို ဦးစားပေးဆောင်ရွက် လျက်ရှိပြီး လွန်ခဲ့သည့် ၂၄ နာရီအတွင်း နိုင်ငံတစ်ဝန်း၌ လူဦးရေ ၁၄၁၅၃ ဦးတို့၏ နမူနာကို စမ်းသပ်စစ်ဆေးနိုင်ခဲ့ကြောင်း သိရ သည်။

ထို့အပြင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသော လူနာ ၃၈၈၁ ဦးသည် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ရောဂါကင်းစင်ပြီး ဆေးရုံများ နှင့် ဆေးခန်းများမှ ထပ်မံပြန်ဆင်းခဲ့ကြရာ ရောဂါမှ ပြန်လည် ကျန်းမာလာသူပေါင်း ၁၈၆၇၅၆ ဦး ရှိလာကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် လက်ရှိ သေဆုံးမှုနှုန်းမှာ ရောဂါကူးစက်ခံရသူ အားလုံး၏ ၁ ဒသမ ၃၄ ရာခိုင်နှုန်းခန့်ရှိပြီး ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာမှုနှုန်းမှာ ရောဂါကူးစက်ခံရသူ အားလုံး၏ ၆၂ ဒသမ ၃၃ ရာခိုင်နှုန်းခန့် ရှိကြောင်း တရားဝင်ကိန်းဂဏန်းများအရ သိရသည်။

ဇူလိုင် ၂ ရက်က ဘင်္ဂလားဒေ့ရှ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက် ခံရသူ ၄၀၁၉ ဦး တွေ့ရှိခဲ့ရာ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် တစ်ရက်တာအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း အမြင့်မားဆုံး ဖြစ်လာခဲ့သည်။ ထို့အတူ ဇွန် ၃၀ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကြောင့် ၆၄ ဦး သေဆုံးခဲ့ရာ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားခဲ့ချိန်မှစ၍ ယနေ့အထိ သေဆုံးမှုနှုန်း အမြင့်မားဆုံးဖြစ်လာကြောင်း သိရသည်။

ဘာသာပြန်-ဂျေတီ

ကိုးကား-ဆင်ဟွာ